Closer

3.1K 278 21
                                    

ကျွန်တော်တို့ ဆိုတဲ့ ဆက်ဆံရေးတစ်ခုက အမုန်းတွေကြောင့် နီးစပ်နေခဲ့တာ ....

ချစ်သူတွေသာဆိုတယ် အမုန်းတွေကပိုအားသာနေတယ်

မုန်းနေတယ်ဆိုတာ သူစိမ်းတစ်ယောက်ထက်တော့သာပါတယ် လေ

နီးစပ်ဖို့ကြိုးစားတိုင်းဝေးဝေးသွားတယ် ဝေးဖို့ကြိုးစားတိုင်းအမှတ်မထင်နီးလာတယ်

ဘာလို့လဲ တခါတခါကျ တွေးမိတယ်

ကျွန်တော် တို့ တစ်ယောက်နဲ့တစ်ယောက် ဝေးဖို့ကို ကိုယ်တိုင် အုတ်ခဲ စီပြီး ပင်ပင်ပန်းပန်း တံတိုင်းတစ်ခုတည်ဆောက်နေသလား လို

တူတူဆောက်နေရတာကိုကြည်နူးစရာလို့ထင်နေတယ်လေ တကယ်တမ်း တော့ ပိုကြာလာလေ တံတိုင်းကြီးပိုမြင့်လာလေ ပိုဝေးလာလေ ဖြစ်မယ် ဆိုတာ မေ့လျော့နေကြတာ

မင်း သတိရသင့်ပြီ luhan ရာ

ရုန်းထွက်သင့်နေပြီ အမုန်းတွေဆီက လွတ်မြောက်အောင်ရုန်းထွက်သင့်နေပြီ

တကယ်တမ်းတော့ ကျွန်တော်မကြိုက်တာတွေကို လုပ်နေတဲ့ သူက မုန်းစရာကောင်းတာမဟုတ်

သူကြိုက်တာ ကို အကောင်းမမြင်ပေးနိုင်တဲ့ ကျွန်တော်ကပဲ မုန်းဖို့ကောင်းနေတာ

ကျွန်တော့ခြေထောက်နား လွင့်လာတဲ့ သတင်းစာလေးကိုကောက်ကိုင်ပြီး ဖတ်မိတယ်

အလုပ်တစ်ခုခုများရလိုရငြား ရယ်ပါ....

ကျွန်တော်လုပ်နေတဲ့ magazine တိုက်ကပြုတ်မှာကိုကြိုမြင်ယောင်နေတာရယ်

ဟူး.......ဒီအလုပ်လေးနဲ့ပဲ အသက်ရှင်ခဲ့တော့နှမြောမိတယ်

ဒီအလုပ်လေးကပဲ sehun ကိုကျွန်တော့ဘေးမှာကောင်းကောင်းထားနိုင်ခဲ့တာ

သူ့ကို ကျွေးမွေးစောင့်ရှောက်ခဲ့ရလို့ပဲ ကျွန်တော် ဇွတ်တရွတ် ချုပ်​ချယ်​ ထားမိသလား မပြောတတ်

သူ့အိမ်မှာ တူတူအိပ်ပြီးတဲ့နေ့ကတည်းက သူ့နဲ့မတွေ့ဖြစ်တော့တာ.....နှစ်ပါတ်လောက်ရှိရောပေါ့....

သူလည်းခေါ်ဖို့ သတိမရသလို ကျွန်တော်လည်းသွားခေါ်ရမှာဝန်လေးမိတယ်

LovelornWhere stories live. Discover now