*Sehun တော်တော့ ဆေးရုံဆင်းတာမကြာသေးဘူး အားကသိပ်ရှိတာလည်းမဟုတ်ပဲနဲ့*
ကျွန်တော့လည်တိုင်ကနေအောက်ဆင်းဖို့ဦးတည်လာတဲ့ သူ့အနမ်းတွေကြောင့် ကျွန်တော်သတိတချက်ပေးလိုက်တယ်
ဟင့်အင်း တကယ်တော့ ကျွန်တော် စိတ်မပါတာ
Sehun လုပ်ထားတာတွေ တိတိကျကျမသိရမချင်းကျွန်တော်စိတ်ပါမယ်မထင်ခေါင်းထဲမှာ Sehun အမေပြောသွားတဲ့ အကြောင်းတွေကြီး ပဲအခေါက်ခေါက်အခါခါသုံးသပ်နေမိတယ်
*Lu......ဟိုးနေ့တည်းကမျက်နှာမကောင်းဘူး ဘာဖြစ်နေတာလဲ ကို့ကိုပြော*
ကျွန်တော် သူ့ကို တချက်ကြည့်ပြီး ပြောသင့်မပြောသင့် စဉ်းစားလိုက်တယ် သူကတော့ ပြောလေ ဆိုတဲ့ အထာနဲ့မေးမော့ပြီး မေးနေတယ်
*Mr. Kim က ommonie ခေါ်ပေးထားတဲ့လူဆိုတာဘာလို့မပြောတာလဲ*
*Lu က ကို့ အမေ ကိုသိပ်မကြိုက်တော့ ကိုပြောလိုက်ရင် Lu ကို့ကို ဒေါသထွက်ပြီး အိမ်ပေါ်ကဆင်းသွားမှာစိုးလို့*
စိတ်ရှုပ်သွားဟန်မပေါ်ပဲပြန်ဖြေပုံအရ အမှန်အတိုင်းပြောနေတယ်လို့လက်ခံပေးလို့ရတယ် ဆိုသည့်အနေအထား
ကျေးဇူးပြုပြီး နောက်မေးမယ့်မေးခွန်းတွေလည်းဒီလိုပဲတုံ့ပြန်ပေးပါ....
*ဒါဆို Jinny....Jinny ကိုရော ဘာလို့ ommonie ကသိနေရတာလဲ*
သူ့အတွက် ပထမမေးခွန်းလောက်လွယ်ပုံမရ
*အဲ့တာကအစ Lu ကိုပြောသွားတာလား*
သူစုပ်တစ်ချက်သပ်ရင်း ကျွန်တော့မေးခွန်းနဲ့ဘာမှမဆိုင်တဲ့စကားကိုပြောလိုက်တယ်
*ဖြေလေ....ငါ့ကိုတကယ်အိမ်ပေါ်ကဆင်းစေချင်တာလား*
ကျွန်တော်မျက်မှောင်ကြုတ်ပြီး သူပြန်ဖြေမယ့် အဖြေကိုစောင့်နေမိတယ်
*Lu.....ကို အချိန်တန်ရင်ရှင်းပြပါ့မယ် အချိန်ပေးနိုင်မလား တောင်းဆိုတာပါ*
သိပ်တော့သဘောကျစရာကောင်းတဲ့ တုံ့ပြန်မှုမဟုတ်ပေမယ့် ကျွန်တော်စိတ်ရှည်ရမယ်နဲ့တူတယ်
ကျွန်တော့ oh sehun တောင် လျို့ဝှက်တတ်နေပြီပဲ.....
*sehun......မင်း ငါ့စိတ်ကိုသိရက်သားနဲ့တောင် ဘာမဟုတ်တာတွေလုပ်ထားသေးတာလဲ*
ČTEŠ
Lovelorn
FanfikceHunhan [yaoi] Strict relationship never last long "Lovelorn" Dun get too much in love