Loose

3K 365 7
                                    

*​ကျေနပ်​သွားပြီလား Luhan...hum?*

*hk ရာနှုန်းပြည့်​​တော့မဟုတ်​​သေးဘူး ငါက မင်းနဲ့ အဆင်​​ပြေ​ပြေ​လေး​နေချင်​တာ*

*luhan ချစ်​သူတိုင်းကအဆင်​​ပြေ​နေကြတာမဟုတ်​ဘူး
ချစ်​​နေလို့သာ တစ်​​ယောက်​ကိုတစ်​​ယောက်
အ​လျှော့​ပေးကြတာ....မင်းဒါ​တွေနားလည်​မှာမဟုတ်​ငလိုနား​ထောင်​မှာလည်းမဟုတ်​ဘူး ဒါနဲ့များ ငါတို့ကဘယ်​လိုလုပ်​ပြီး အဆင်​​ပြေ​ပြေဆက်​​နေနိုင်​မှာလဲ*

Sehun ​​တော်​​တော်​​ပေါက်​ကွဲ​နေတယ်​ဆိုတာ သူ့အသံကြာ​တော့ပို​သေချာတယ်

ရပ်​ထားတဲ့ကားထဲမှာ တစ်​​ယောက်​ကိုတစ်​​ယောက်​မကြည့်​ပဲ ​အြော်​ကီးဟစ်​ကျယ်​လုပ်​​နေကြတာ ရန်​ဖြစ်​​နေမှန်းသိပ်​သိသာလွန်းတယ်

သူ​ပြောတာလည်းမှန်​ပါတယ်​ ကျွန်​​တော်​က ဘယ်​​သောအခါမှအ​လျှော့​ပေးတတ်​သူမဟုတ်​ သူသာ ရန်​မဖြစ်​ချင်​လို့ လိုက်​​လျော​ပေးတယ်​ဆိုတာ ကျွန်​​တော်​လည်းနားလည်​ပါတယ်​ ဒါ​ပေမယ့်​ ဘယ်​လိုလုပ်​မလဲ လိုချင်​တာ စိတ်​တိုင်းကျတဲ့အတိုင်းဖြစ်​မှ အိပ်​​ပျော်​စားဝင်​တာကို...

*ငါ့ကိုဘာဖြစ်​​စေချင်​တာလဲ sehun*

*ငါ့ဘဝထဲကို မဝင်​လာ​စေချင်​တာ မင်းကို ချစ်​ရမယ့်​အစား ငါတဖြည်းဖြည်း မင်းရဲ့အပြုအမူ​တွေ​ကြောင့်​စိတ်​ကုန်​လာပြီ*

သူ​ပြောလိုက်​​တော့ ကျွန်​​တော်​တစ်​ချက်​​တွေ​ဝေသွားတယ်​ စိတ်​ကုန်​လာပြီတဲ့လား...

*ဘာလို့လဲ မင်းကြိုက်​တဲ့ ခပ်​ကြီးကြီး မိန်းမမျိုး​တွေ့​နေပြီမို့လို့လား*

ရွဲ့သလိုလို​ပြောလိုက်​​တော့ သူလက်​သီး​တွေပါတင်း​နေ​အောင်​ဆုပ်​လိုက်
တယ်

*luhan မင်းနဲ့မတည့်​အဲဒါ​ကြောင့်​ပဲ မင်းပါးစပ်​ကထွက်​လာသမျှ ချစ်​ချင်​စရာ​ကောင်းတဲ့စကားမျိုးကိုမရှိဘူး ရွံဖို့​ကောင်းတယ်​*

ရွံတယ်​လား? ကျွန်​​တော်ကရွံဖို့​ကောင်းတယ်​​ပေါ့?

*sehun...မင်းသိထားဖို့က မင်းဆိုတာ ငါ့ပုံစံခွက်​ထဲက​ရေပဲ ငါမကြိုက်​ရင်​မလုပ်​နဲ့ ခုနက​လိုမဖြစ်​ချင်​ရင်​*

LovelornDonde viven las historias. Descúbrelo ahora