Lovelorn

2.1K 223 10
                                    

နာရီ စက္ကန့်လက်တံ ရွေးနေတဲ့ဆီကထွက်လာတဲ့ တချက်ချက်အသံ တွေကို ကျွန်တော်လျစ်လျူ ရှု လို့ရအောင် magazine လေးတခုကိုယူဖတ်လိုက်တယ်

*နောက် 5 မိနစ်ဆိုရင် 12 နာရီထိုးတော့မှာ*

ပါးစပ်ကလွှတ်ကနဲထွက်သွားမိတယ်
လက်ထဲက magazine ကိုပြောင်းပြန်လားအတည့်လားတောင်မသိ စိတ်ထဲက နာရီ စက္ကန့် တွေကို ကိုယ်တိုင်ရေတွက်နေမိတယ်

ကျွန်တော်စစ်ပွဲမှာလက်နက်ချအရှုံးပေးခဲ့ပြီးမှ သစ္စာဖောက်ချင်မိပြန်ပြီ.....
ဘယ်လိုပဲထိန်းချုပ်ထိန်းချုပ် Oh sehun ဆိုတဲ့လူ 11 နာရီ အတိ အိမ်ပြန်မရောက်ရင် ဒေါသထွက်လာရော...

*ကျစ် သေများသေနေပြီလား မသိဘူး*

သူဖုန်းပိတ်ထားတယ် ဆိုတဲ့ အသိက စိုးရိမ်ရမှာထက် ရန်ရှာရဖို့ကို အားသန်နေတယ်

*Luhan....*

အိမ်တံခါးပေါက်နားကနေ သူ့ရဲ့ ခပ်တိုးတိုးခေါ်သံကြောင့်အပြေးသွားကြည့်မိတယ်

*မူးနေတာလား ဘယ်လောက်တောင်သောက်လာတာလဲ*

တလောကမှအသစ်ခန့်ထားတဲ့ သူ့မန်နေဂျာကသူ့ကိုတွဲထားသည့်အပြင် sehun ရဲ့ အထုပ်အပိုးတွေကိုပါသယ်ပေးထားရတယ်

*ဒီနေ့ ရုပ်ရှင်ရိုက်ပြီးတဲ့နေ့မို့လို့ ရုပ်ရှင်က အဖွဲ့ဝင်တွေနဲ့သောက်လာတာပါ*

Sehun ရဲ့ မန်နေဂျာ ဆိုသူက အ
လိုက်တသိရှင်းပြသော်လည်း ကျွန်တေိာသိပ်သဘောမတွေ့လှ

သူ့မန်နေဂျာနှင့်ရင်းရင်းနှီနှိးဆက်ဆံတာကို တောင်ကျွန်တော်သိပ်သဘောမတွေ့..
သင့်လျော်တဲ့ မန်နေဂျာကရှားသည်မို့သာ သည်းခံနေရတယ်...

*ရပြီ အိမ်ပြန်နားတော့ မနက်ဖြန်မှခေါ်လိုက်မယ်*

Sehun ရဲ့ အထုပ်အပိုးတွေနဲ့ သူ့ကိုယ်လုံးကိုပါ လွှဲပြောင်းထမ်းယူလိုက်ပြီး မန်နေဂျာ ကိုကျွန်တော် နှင်လွှတ်လိုက်တယ်....

နီးတဲ့ ဆိုဖာခုန်မှာ ချလိုက်ပြီး ကျွန်တော် စိတ်ပျက်စွာစုပ်တချက်သပ်မိတယ်....

ကျွန်တော် အရှုံးပေးပြီဆိုတာသိတာနဲ့ လုပ်ချင်ရာစလုပ်တဲ့သူ....ပြီးမှ အချိုသတ်ပြီး ချွဲနွဲ့ကာ ချော့တယ်

LovelornWhere stories live. Discover now