ခြံဝင်း ကျယ်ကျယ် အတွင်းမှာကျင်းပတဲ့ party တစ်ခုထဲကို ကျွန်တော့လိုလူဝင်ဖို့အတွက်တွန့်ဆုတ်နေမိ
တယ်....
သိမ်ငယ်စေတယ်ဆိုပိုမှန်မလား....ဖန်ခွက်ကိုကိုင်ပြီး ပြုံးရယ်စကားပြောနေတဲ့သူ..
တော်တော်ပျော်နေသလား....
ကျွန်တော် အားတင်းပြီး သူ့ဆီကို ဦးတည်လျှောက်သွားလိုက်တယ်...
*ဒီလို လုပ်လို့.....ဘာမှပြောင်းလဲသွားမှာမဟုတ်ဘူး*
ကျွန်တော့ခြေလှမ်းတွေကို တုန့်ကနဲ ရပ်လိုက်မိတယ်....
ဒါထက် ပိုခံပြင်းစေရမယ်....မင်းဆိုတဲ့ကောင်က ငါရဲ့အကျင့်ကိုဘယ်လောက်သိသိ လက်ရဲဇာတ်ရဲလုပ်တတ်တာပဲ...
ကျွန်တော်အံကိုသာကြိတ်ထားရင်းခြေလှမ်း
ကိုပြန်ဆုတ်လိုက်တယ်ကျွန်တော် ကိုယ့်ကိုကတိပေးပါတယ် ဒါပြီးရင် ကျွန်တော့ အသုံးမကျတဲ့အကျင့် တွေပြင်ပါ့မယ်...
××××××××
သတင်းစာကို ဖတ်ရင်း ဒေါသထွက်ဟန်ရှိတဲ့ sehun ကို ကျွန်တော် လျစ်လျူ ရှုပြီး သောက်လက်စ ကော်ဖီကို တငုံသောက်လိုက်တယ်....
*luhan မင်းမလား*
ဒေါသ ကို ချုပ်တည်းပြီးပြောနေတဲ့ သူ့ပုံ....
*မနေ့က party မှာပျော်ခဲ့ရဲ့လား*
သူမေးသည်ကိုပြန်မဖြေပဲ ကျွန်တော် အေးအေးဆေးဆေး သာ မေးခွန်းပြန်ထုတ်လိုက်တယ်
*အဲ့ဒါကြောင့်လား....အဲ့ party သွားတဲ့ ကိစ္စကြောင့်လား*
*ပျော်ခဲ့လားလို့ sehun.....jinny မနေ့က တော်တော်လှနေမှာပဲနော်*
*ဒီသတင်း.....မင်းပေးလိုက်တာလားလို့ ငါမေးနေတယ် luhan*
သူဖတ်နေတဲ့ သတင်းစာကို ကျွန်တော့ရှေ့က စားပွဲပေါ်ပစ်တင်ရင်းမေးလိုက်တယ်
တခါက သူနှင့်ကျွန်တော် တွဲရိုက်ခဲ့ဖူးသည့် ဓာတ်ပုံ အချို့က သက်သေခံအဖြစ်နှင့်
Oh sehun က ယောကျာ်းလေးတစ်ယောက်နှင့် ချစ်သူ ဖြစ်နေတဲ့အကြောင်း ကို ခေါင်းစည်းမည်း နှင့် ရှေ့ဆုံးမျက်နှာတွင် ပါလာသည် ကိုး...
YOU ARE READING
Lovelorn
FanfictionHunhan [yaoi] Strict relationship never last long "Lovelorn" Dun get too much in love