Tik-Tik-Tik-Tik
နာရီလက်တံ ရဲ့တစ်ချက်ချက်မြည်သံက အခန်း တွင်းမှာ ဟိန်းထွက်နေတယ်...
ကျွန်တော် ဒီ နေရာမှာ နာရီ ရဲ့တစ်ချက်ချက်မြည်သံကို နားထောင်ရင်း သူ့ကို ထိုင်စောင့်နေတာ အခုဆို နာရီ တစ်ပတ်လည်လို့တောင် ကျော်ရောပေါ့...
*တောက်*
ဒေါသထွက်စွာ တောက် တစ်ချက်ခေါက်မိတယ်
ဒေါသကြီးတဲ့ ကျွန်တော်နဲ့ Oh sehun ဒီညလည်း ရန်ဖြစ်ရဦးမှာသေချာတယ်
တိုးညှင်းတဲ့တံခါးဖွင့်သံ ဆိုပေမယ့် တိတ်ဆိတ်နေတဲ့ အခန်းထဲမျာတော့မကြားပဲဘယ်နေပါ့မလဲ
စိတ်ရှုပ်စွာ စုပ်တစ်ချက်သပ်လိုက်ရင်း ထိုင်ခုံကနေ ထပြီး တံခါးနားသွားလိုက်တယ်
*oh sehun ဘာလဲ အိပ်ရာခင်းလာယူတာလား*
ရွဲ့ပြီးပြောလိုက်တဲ့ စကားကြောင့် sehun
ကျွန်တော် ဒေါသထွက်နေပြီဆိုတာကို သတိထားမိသွားတယ်ထင်တယ်..*Lu ကလည်း ကို ရုပ်ရှင်ရိုက်နေတဲ့ ဟာကို ဒီလောက်တော့ရှိမှာပေါ့*
လက်ထဲက အထုပ်တွေကိုချလိုက်ပြီး ကျွန်တော့ကို လာဖက်တဲ့သူ့ကို ကျွန်တော် အလိုမကျစွာ ဖြင့် ပြန်မဖက်...
*အခု 11 နာရီ ထိုးတော့မယ် ဆိုတာသိရဲ့လား ထွက်သွားတာ မနက် 6 နာရီလောက်တည်းက*
ချွေးရွှဲနေတဲ့ သူ့ကိုယ်ကို တွန်းထုတ်လိုက်ပြီး
လေးသံမာမာဖြင့်ပြောလိုက်တယ်*Lu ကလည်း ကို လည်း လွမ်းနေတာပဲ အရမ်းကို လွမ်းနေတာ*
ကျွန်တော့လက်လေးကို ကိုင်ရင်း သူပြောပြန်တယ်
*ဒါဆိုဖုန်းဆက်ပါလား*
ကျွန်တော်ပြောလိုက်တော့ သူမျက်နှာပိုးသေ သွားတယ်
Hk သိသားပဲ ဒီလိုဖြစ်မယ်ဆိုတာ သူ့မျာချစ်သူရှိတယ်ဆိုတာ ဘယ်ပေးသိချင်ပါ့မလဲ
အထူးသဖြင့် ကျွန်တော့လို ယောကျာ်းလေးတစ်ယောက် က သူ့ချစ်သူဆိုတာ ဘယ်ပေးသိချင်မလဲ
ESTÁS LEYENDO
Lovelorn
FanficHunhan [yaoi] Strict relationship never last long "Lovelorn" Dun get too much in love