♡ 11 ♡

1.1K 110 14
                                    

Next update! Please enjoy!
© to owner 'myungeunship' from aff.

>>>

Tao's POV,

Krisကို ဆေးခန်းလိုက်ပို့တဲ့ လမ်းတစ်လျှောက် ကြိတ်ပျော်နေမိတယ် Krisရှေ့မှာတော့ ကျွန်တော့်ရဲ့ ခပ်တည်တည် မျက်နှာကိုပဲ ပြရတာပေါ့

Kris: ya ပန်ဒါ ဖြည်းဖြည်းလုပ်ကွ နာတယ်

ဟုတ်သားပဲ ပီတိတွေဖြာပြီး ပတ်တီးစည်းပေးလိုက်တာ တော်တော်ကျပ်သွားပုံပဲ ခေါင်းတော့ ပိုနာနေတော့မှာပဲ

Taoး ပန်ဒါဟုတ်ပါဘူး Huang Zitaoပါ gé

Krisး ဒါပေမယ့် ငါ့မျက်လုံးထဲမှာ ပန်ဒါလေးနဲ့တူလို့

Ommo!
ပန်ဒါလေးတဲ့ ခိခိ gé géရဲ့ မျက်လုံးထဲမှာ ချစ်ဖို့ကောင်းတဲ့ ပန်ဒါလေးလို့ မြင်တယ်ပေါ့လေ

Taoး ကဲ ပြီးပြီ gé

Krisး ကျေးဇူးပဲ

ပတ်တီးစည်းလို့ပြီးတာနဲ့ ထပြန်တော့မယ့် Kris géရဲ့ လက်မောင်းကို လှမ်းဆွဲလိုက်တယ်

Taoး အာ့ဘယ်သွားမို့လဲ

Krisး ပြန်မလို့ပေါ့ကွ ဘာလဲ မင်းကငါနဲ့ ဒီမှာတူတူနေချင်သေးလို့လား

Tao: nae ပြီးတော့ gé géပဲ ပြန်ရှင်းပြမယ်ဆို

Kris: ashi ဟုတ်သားပဲ

Kris géလဲ ကုတင်ပေါ်မှာ ပြန်ထိုင်လိုက်တယ် ကျွန်တော်လဲ နားထောင်ဖို့ အသင့်ပါပဲ အထူးသဖြင့် Junmyeon hyungနဲ့လဲ ပတ်သက်နေတာဆိုတော့ တော်တော်လေး သိချင်မိတယ်

Kris: okay ပြောပြမယ် ဟိုSungkyuဆိုတဲ့ တစ်ယောက်က Junmyeonကို ကြိုက်နေတာလေ အာ့သိလား

ကျွန်တော်လဲခေါင်းညိမ့်ပြလိုက်တော့ သူစကားကို ဆက်ပြောတယ်

Krisး အဲ့ကောင်က Yonghwaဆိုတဲ့ ငါ့ရဲ့အတန်းဖော်တစ်ယောက်ကို သူ့ကိုယ်စား Junmyeonဆီကို ရည်းစားစာပေးခိုင်းတယ် Yonghwaကလဲ ဘယ်လိုမှကြံမရတာနဲ့ ငါတို့ကို အကူညီတောင်းတယ် ငါတို့ကလဲ ကူညီမယ်လို့ ပြောခဲ့တယ် ကံဆိုးချင်တော့ ငါတို့ဘာမှမလှုပ်ရှားရသေးခင်မှာပဲ သူက Junmyeonရဲ့ lockerထဲကို စာထည့်ပြီးပြီလေ ငါက Layအတွက် ကူညီပေးချင်လို့ Junmyeonဒီစာကို မတွေ့ခင် ပြန်ယူဖို့လုပ်နေရင်းက မင်းကန်တာခံလိုက်ရတော့တာပဲ

He Stole My Heart ( SuLay ; MM:trans )Tahanan ng mga kuwento. Tumuklas ngayon