♡ 13 ♡

871 90 8
                                    

A.N : I changed my name to _suhosyubie_ from Bunnyholic_Yoongi !!!!.I'm afraid you won't recognize me.

Next update!
©myungeunship


#############

Reader's POV,

Kai နဲ့ Lay နှစ်ယောက်လုံး မြင်လိုက်ရတဲ့ မြင်ကွင်းဆိုတာက
-----

ခုံတန်းလေးပေါ်မှာ Junmyeon နဲ့ Krisတို့နှစ်ယောက်ထိုင်နေကြတယ်။
အဲ့ထိကတော့ ဘာမှမဟုတ်သေးပါဘူး။
တူတူထိုင်နေရုံမကပဲ.Krisရဲ့
လက်တစ်ဖက်က Junmyeonရဲ့ ပုခုံးပေါ်မှာ။
Junmyeonကလဲ သူ့ရဲ့ခေါင်းကို Krisရဲ့
ရင်ခွင်ထဲမှာ မှီထားတယ်။ အဆိုးဆုံးကတော့
Krisက Junmyeonရဲ့ နဖူးကို နမ်းလိုက်လေရဲ့။

အဲ့ဟာကို မြင်လိုက်ပြီးနောက် Layလဲတော်တော်
မျက်နှာပျက်သွားတယ်။ အဆောင်ဖက်ကို မသွားတော့ပဲ
အနောက်လှည့်ပြီး ဒေါသတကြီးနဲ့ ထွက်သွားတဲ့
Layကို ရပ်ကြည့်နေရုံကလွဲလို့ Kaiလဲ ဘာမှ
မတတ်နိုင်ရှာတော့ဘူး။

Kaiး ashi ဘယ်လိုလုပ်ရမလဲ။ လောကကြီး ဘာတွေဖြစ်ကုန်ပြီလဲ။


﹏﹏﹏﹏﹏﹏

Lay's POV,

ကျွန်တော်အတန်းထဲ ပြန်မသွားပဲနဲ့ အိမ်ကိုပဲ တန်းပြန်လာခဲ့တယ်။ ကျောင်းပြေးတာလိုက်တာပေါ့။ ကျွန်တော့်ရဲ့ နှလုံးသားရေးကိစ္စအတွက် ကျောင်းပျက်တာ ဒါပထမဦးဆုံးပဲ။ အော် ဘဝက dramaကားတစ်ကား ထိုင်ကြည့်နေရသလိုပဲ။ အပြောင်းအလဲတွေ သိပ်များတယ်။

ခုချိန် Krisနဲ့ မျက်နှာချင်း မဆိုင်ချင်ဘူး။ ကျွန်တော့်ရဲ့ ချစ်လှပါချည်ရဲ့ဆိုတဲ့ သူငယ်ချင်းကြီးက ကျွန်တော့်ကို သစ္စာဖောက်သွားလေပြီ။ Krisရဲ့ ချောမောလှတဲ့ မျက်နှာကို စိတ်ရှိလက်ရှိ ထိုးပစ်ချင်တယ်။ ကျွန်တော့်ကို ဒီလိုလုပ်ရကောင်းလားဆိုပြီးတော့လေ။ ဒါပေမယ့် မထိုးရက်ပါဘူး။ ၁၃နှစ်ဆိုတဲ့ သံယောဇဉ်က ရှိနေသေးတယ်။ Krisကို ကျွန်တော့်ကြောင့် မနာကျင်စေချင်ဘူး။

အိပ်ယာပေါ်မှာ လှဲလိုက်ရင်း မျက်နှာကျက်ကိုပဲ ငေးကြည့်နေမိတယ်။ လက်လှမ်းမီတဲ့ ခေါင်းအုံးတစ်လုံးကို ယူပြီး ပိုက်ထားမိတယ်။

Layး အော် အဲဒါကြောင့် Sungkyuရဲ့စာကို ဖျက်ဆီးဖို့ စိတ်အားထက်သန်နေတာကို။

He Stole My Heart ( SuLay ; MM:trans )Tahanan ng mga kuwento. Tumuklas ngayon