Okey-Dokey! Next update!
©myungeunship
-------------------------------------------
Reader's POV,JH : ဟယ် Junie ကလေးလေး ဖျားနေတာလား။
အိပ်ရာပေါ်မှာ ခွေခွေလေးလဲနေတဲ့ Junmyeonကို မြင်သွားတော့ Juhyun စိုးရိမ်ပြီး အော်ပြောမိတယ်။ အပြင်မှာ နေဒီလောက်သာနေတာကို စောင်တောင် ခြုံထားလိုက်သေးတယ်။ ရာသီဥတုလဲ အေးတာမှ မဟုတ်တာ။ သာမန်လူတွေအတွက် တော်တော်လေး ပူတယ်လို့ ပြောနိုင်တယ်။
Junmyeonလဲ ခေါင်းတွေပေါက်ထွက် မတက် ကိုက်နေတဲ့ ကြားက လှဲနေရာက ထဖို့ကြိုးစားမိတယ်။
JMး မဟုတ်ပါဘူး nuna ကျွန်တော်ခေါင်းကိုက်နေလို့ပါ။
အားမရှိတဲ့ အသံနဲ့ ဖြေလိုက်တယ်။ ခုချိန်ထိ သူ့အသံက အက်ကွဲနေတုန်းပဲ။
Juhyun သူ့ရဲ့မျက်လုံးတွေကို သေချာစိုက်ကြည့်လိုက်တယ်။ နီရဲနေတဲ့ မျက်လုံးတစ်စုံကို သူမ တွေ့လိုက်ရတယ်။
JHး Junie မဟုတ်မှလွဲရော တစ်နေ့လုံးငိုနေတာလား။
သူ့အစ်မကို ဘယ်လိုမှ လိမ်လို့မရတာကို Junmyeonသိပါတယ်။ အာ့ကြောင့် ဘာမှမကွယ် မဝှက်ပဲ အားလုံးပြောပြလိုက်တယ်။
သူငိုရတဲ့ အကြောင်းအရင်းကို အကုန်ပြောပြလိုက်တယ်။ Layဆီက အေးတိအေးစက်နဲ့ စာပြန်တာက စလို့ သူ့ရှေ့မှာ တစ်ခြားတစ်ယောက်က Layကို နမ်းလိုက်တာအထိ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။
Junmyeon သိပါတယ်။ ဒီကိစ္စအတွက် သူမငိုသင့်ပါဘူး။ သူနဲ့ Layက ဘာတွေမှကို မဟုတ်ခဲ့တာ။ Layက သူ့ချစ်သူလဲ မဟုတ်ဘူးလေ။ ဒါပေမယ့် သူ့မျက်စိရှေ့မှာ Layကို တစ်ခြားတစ်ယောက်နဲ့ ပူးပူးကပ်ကပ် မြင်လိုက်ရတော့ သူ့ရဲ့သဝန်တိုစိတ်က ထိန်းမရခဲ့ဘူး။
JMး nuna
Junmyeonထပ်ပြီး ငိုညည်းမိတယ်။
JMး ကျွန်တော်ဘာများ အမှားလုပ်မိခဲ့လို့ သူဒီလောက်တောင် အေးတိအေးစက်နိုင်သွားရတာလဲ။ အရင်ကဆို ကျွန်တော့်ကို တရင်းတနှီးဆက်ဆံခဲ့တာ။ အစ်----အစ်။
ငိုရင်းနဲ့ ကြို့ပါထိုးလာတယ်။
သူ့မောင်လေးရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို Juhyun သုတ်ပေးလိုက်တယ်။
BINABASA MO ANG
He Stole My Heart ( SuLay ; MM:trans )
FanfictionThis's the translation of my favourite SuLay fic. I do not own this fic. A.N: © to owner ''myungeunship'' from aff. Thank You For Reading!!! 90' Bow.