♡ 14 ♡

978 108 17
                                    

I'm really bored now so I decide to do fast update! Hope you guys don't hate it :) Long chapter ahead ( it's long for me ;^)
©myungeunship


--------------


Reader's POV,

ဒီနေ့တော့ Layတစ်ယောက် ကျောင်းပြန်တက်ပြီပေါ့။ မနေ့ကလို ကျောင်းမပျက်တော့ပါဘူး။ ဒါပေမယ့် အတန်းထဲမသွားပဲ စာကြည့်တိုက်ထဲမှာ တစ်ယောက်တည်းစာလုပ်မယ်လို့ သူဆုံးဖြတ်ထားတယ်။

မနက်တုန်းက ကျောင်းရောက်ရောက်ချင်း Kaiနဲ့တွေ့သေးတယ်။ သူဘယ်နေရာမှာ ဘာလုပ်နေတယ်ဆိုတာ Krisကို ဘာမှမပြောဖို့ Kaiကို တောင်းဆိုခဲ့တယ်။ ဘာကြောင့်မှန်း သေချာမသိပေမယ့် Kaiသဘောတူခဲ့ပါတယ်။

တကယ်တော့ အခု Kaiတော်တော်လေး စိတ်ရှုပ်ထွေးနေတယ်။ သူရဲ့အစ်ကိုတွေကို ရန်မဖြစ်စေချင်ဘူး။ မနေ့ကတုန်းက ခုံတတ်းပေါ်မှာ မြင်လိုက်ရတဲ့ Junmyeonနဲ့ Krisရဲ့ အကြောင်းကို သူအရမ်းသိချင်မိတယ်။ ဒါပေမယ့် Layက အဲ့အကြောင်းဆက်မမေးနဲ့လို့ပဲ ပြန်ပြောတယ်။ ပြီးတော့ သူနဲ့Krisရန်ဖြစ်တာကြောင့် မဟုတ်ပဲ သူ့ရဲ့စိတ် ငြိမ်သွားတဲ့အထိ တစ်ယောက်ထဲနေချင်လို့သာ ဒီလိုလုပ်တာလို့ ထပ်ပြောတယ်။ အဲတော့ Kaiလဲ ရင်လေးစွာနဲ့ သဘောတူလိုက်ရတာပေါ့။ တစ်ခြားဘာမှ ရွေးချယ်စရာ မရှိတော့တာ။

ဘယ်လောက်ပဲ ခင်တယ်ပြောပြော Krisကို Layဒေါသထွက်နေတယ်ဆိုတာ Kaiရိပ်မိတာပေါ့။ Junmyeonနဲ့ ခုံတန်းပေါ်မှာ ကြည်နူးနေရအောင် Krisဘာတွေကို ကြံစည်နေရတာလဲ။ Layက Junmyeonကို သဘောကျတယ်ဆိုတာ သူနဲ့ Krisအသိဆုံးပဲ မဟုတ်ဘူးလား။

Kaiလဲ တစ်ချိန်လုံး စကားဆိတ်နေမိတယ်။ Layရှေ့မှာ Junmyeonနဲ့ Krisအကြောင်းကို ထပ်မမေးတော့တာ ကောင်းတယ်လို့ သူယူဆထားတယ်။ အဲလိုအလိုက်သိတာတွေကို Layအရမ်းကျေးဇူးတင်မိတယ်။

Layကတော့ သက်ပြင်းတွေပဲ ချမိနေတယ်။ နောက်ဆုံး သူ့ခေါင်းကို သင်္ချာထဲမှာပဲ နှစ်ထားလိုက်ပြီး စာကိုပဲ အာရုံစိုက်နေမိတယ်။

အဲ့ဒီ့အချိန် Junmyeon စာကြည့်တိုက်တံခါးကို အသာလေးဖွင့်လိုက်တယ်။ စာကြည့်တိုက်မှူးကို နှုတ်ဆက်ပြီး တံခါးကို ဖြည်းဖြည်းလေး ပြန်ပိတ်လိုက်တယ်။ စာပွဲတစ်ခုမှာ သင်္ချာစာအုပ်နဲ့ အလုပ်ရှုပ်နေတဲ့ သူ့ရဲ့crushကို မြင်လိုက်ရတော့ အံ့သြသွားမိတယ်။ သူ့ရဲ့မျက်နှာလေးမှာ အပြုံးလေးတစ်ခုက နေရာယူပြီးသားပဲ။

He Stole My Heart ( SuLay ; MM:trans )Tahanan ng mga kuwento. Tumuklas ngayon