Opps, sorry for late update!
©myungeunship
______________________________Reader's POV,
အားလုံး၏ရင်ထဲမှာတော့ အပျော်တွေနှင့်။ Layတစ်ယောက်လဲ အရင်တုန်းကလို ချိုမြိန်တဲ့အပြုံးတွေက မျက်နှာမှာ ပွင့်လန်းနေတယ်။ ဖြစ်သွားခဲ့သမျှတွေကို သေချာရှင်းလင်းခဲ့ပြီးပြီမို့ Krisရော Layရော စိတ်သက်သာရာရသွားကြတယ်။
ကြန်တည့်သွားတဲ့ hyubgနှစ်ယောက်ကို ကြည့်ရင်း Kaiလဲ ပျော်မိတာအမှန်။ ဟိုနှစ်ယောက်ရဲ့ အေးစက်လှတဲ့ ရန်ပွဲကြောင့် သူလဲ တော်တော်လေး စိတ်ညစ်နေခဲ့တယ်လေ။ အကြောင်းစုံကို Layပြောပြလို့ Kaiလဲ အကုန်သိသွားခဲ့ပါပြီ။
Kaiတစ်ယောက် ကျောင်းခေါင်မိုးထပ်မှာ တစ်ယောက်ထဲ ရှိနေခဲ့တယ်။ အကြံတစ်ခုရလာတာနဲ့ Kyungsooဆီကို messageပို့ဖို့ ဆုံးဖြတ်လိုက်တယ်။ Junmyeonတစ်ယောက် ဘယ်လိုအခြေအနေရှိလဲ သူသိချင်နေတယ်။
[To Kyungie Hyung]
hyung, သူတိုအခု အဆင်ပြေသွားပြီ။ နားလည်မှုလွဲနေရုံလေးပါ။ အခုတော့ နှစ်ယောက်လုံး ပြန်သင့်မြတ်သွားပြီ။
Junmyeon hyungရော ဘယ်လိုနေသေးလဲsend ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ပြီး မိနစ်ပိုင်းအကြာမှာပဲ ဖုန်းဆီကို စာတစ်စောင်ရောက်လာတယ်။
[To Burning Hot Jongin]
အဆင်ပြေတယ်ဆိုတော့ ဝမ်းသာပါတယ်။ junie hyungကတော့ အခုထိ Layနဲ့ ပတ်သက်ပြီး ဝမ်းနည်းနေတုန်းပဲ။
Junie hyungကိုပြန်တောင်းပန်ဖို့ Layကို ပြောလိုက်ဦး။Kyungsooရဲ့ စာကိုဖတ်လိုက်ပြီးနောက် အမြန်ဆုံးပဲ စာပြန်ပို့လိုက်တယ်။
[To Kyungie Hyung]
မပူပါနဲ့ hyungရယ် အဲ့အတွက်တော့ Lay hyungတစ်ခုခု စီစဉ်ပြီးနေလောက်ပါပြီ မကြာခင်အချိန်တွင်းမှာ Junmyeon hyungကို သူသွားတွေ့လိမ့်မယ်ဆိုတာ ကျွန်တော်လောင်းရဲတယ်စာပို့ပြီးနောက် မကြာခင်မှာပဲ နောက်စာတစ်စောင် ထပ်ဝင်လာတယ်။
[To Burning Hot Jongin]
သွားတွေ့ရင် တွေ့ပေါ့ကွာ အဲလိုမဟုတ်လို့ကတော့ ငါကိုယ်တိုင် Layကို သတ်ပစ်မယ်Kyungsooပို့လိုက်တဲ့ နောက်ဆုံး messageကိုကြည့်ပြီး Kaiတစ်ယောက် ရယ်နေမိတယ်။ ဖုန်းကိုတော့ အိပ်ကပ်ထဲကို ပြန်ထည့်လိုက်တယ်။ Layနဲ့ Krisတို့ရဲ့ ပြဿနာက ရှင်းသွားပြီဆိုတော့ သူ့ကိုယ်တိုင်ရဲ့ ပြဿနာကိုပဲ ရှင်းစရာရှိတော့တယ်လေ။
BINABASA MO ANG
He Stole My Heart ( SuLay ; MM:trans )
FanfictionThis's the translation of my favourite SuLay fic. I do not own this fic. A.N: © to owner ''myungeunship'' from aff. Thank You For Reading!!! 90' Bow.