♡ 12 ♡

1K 88 7
                                    

Long time no see , my vitamins~^^
Here's next update, enjoy!
©myungeunship

~~~~~~~~~


Lay's POV,

ကားဂိတ်မှာ ဘတ်​စကားရောက်နေတာကို ကျွန်တော်အဝေးကြီးကနေ လှမ်းမြင်နေရတယ်
ဒီနေ့ အိမ်ကထွက်လာတာ နောက်ကျတယ်လေ Krisက သူ့စက်ဘီးနဲ့လိုက်ပို့ပေးမယ်ဆိုတာကို ငြင်းမိတာ မှားလေခြင်းဆိုပြီး ကိုယ့်ဟာကို အပြစ်တင်မိတယ်

ကံကောင်းချင်တော့ ကားကမထွက်သေးပဲ ကျွန်တော့်ကိုရပ်စောင့်နေတယ် အာ့နဲ့
ကားဆီကို အမြန်ပြေးသွားမိတယ်

ကားပေါ်ရောက်တော့ ထိုင်နေကျနေရာလေးမှာ Junmyeonကို တွေ့လိုက်ရတယ်
ကျွန်တော့်ကိုတော့ သူမမြင်ပါဘူး ခေါင်းငုံ့ပြီး ဖုန်းနဲ့အလုပ်ရှုပ်နေတဲ့ Junmyeonဘေးမှာ ဦးလေးကြီးတစ်ယောက်ထိုင်နေတော့
စိတ်ပျက်မိတယ် အနားရောက်သွားပြီး
ဖုန်းကိုင်ထားတဲ့ သူ့လက်ကို လှမ်းဆွဲလိုက်တယ် အဲ့တော့မှ Junmyeonလဲ လန့်ပြီးမော့ကြည့်လိုက်တယ်လေ
မော့ကြည့်လိုက်တဲ့ ပုံလေးက အရမ်းချစ်ဖို့ကောင်းလွန်းတော့ ဆွဲမွချင်စိတ်ကို မနဲထိန်းထားရတယ်လေ ကျွန်တော်မှန်းသိတော့မှ ကျွန်တော့်ကို အမြဲကျရှုံးစေတဲ့ သူ့ရဲ့အပြုံးလေးနဲ့ ပြုံးပြနေလေရဲ့ သူ့လက်ကိုဆွဲပြီး နောက်ကခုံလွတ်ဆီကို ခေါ်သွားလိုက်တယ်
သူကတော့ ဘုမသိဘမသိနဲ့ လိုက်လာတယ် ငြင်းတော့မငြင်းပါဘူး ၂ယောက်လုံး သက်တောင့်သက်သာနဲ့ ထိုင်နိုင်မယ့်နေရာကို ရွေးပြီးထိုင်ချလိုက်တယ်

JMး ဘာဖြစ်လို့ဒီမှာထိုင်ခိုင်းတာလဲ

Layး aniyo ဘာရယ်မဟုတ်ပါဘူး ဟိုလူကြီးဘေးမှာ ထိုင်တာထက်စာရင် ငါ့ဘေးမှာ ထိုင်တာမင်းအတွက်
ပိုကောင်းမယ်ထင်လို့

ကျွန်တော့်စကားကြောင့် Junmyeonရဲ့ မျက်နှာလေးရဲသွားတာ တွေ့လိုက်တယ် သူဘာတွေတွေးပြီး ပြုံးနေလဲတော့ မသိဘူး ကျွန်တော်လဲ ပြုံးမိတယ် နောက်တော့
ကျွန်တော့်ရဲ့ ညာဖက်လက်က နွေးနေလို့ ကြည့်လိုက်မိတော့ စောစောက သူ့ကိုလက်ဆွဲပြီးခေါ်လာတာလေ အဲ့လက်ကို မလွှတ်ရသေးဘူး ကိုင်ထားမိတုန်းပဲ မသိချင်ယောင်ဆောင်ပြီး ဆက်ကိုင်ထားရင်ကောင်းမလား
စဉ်းစားနေတုန်း ကျွန်တော့်ပုခုံးပေါ်ကို
သူ့ခေါင်းလေးက လာမှီတယ်လေ
ဘယ်လိုပြောရမလဲ အပြင်ပန်းမှာ
ကြည့်ကောင်းအောင် ပြုံးပြနေပေမယ့်
အထဲမှာတော့ ရူးလောက်အောင် ပျော်ပြီးအော်ပစ်ချင်နေတာ

He Stole My Heart ( SuLay ; MM:trans )Tahanan ng mga kuwento. Tumuklas ngayon