သူက ကြောင်ကလေး တွေ တိရစ္ဆာန် လေးတွေရမ်း ချစ်တတ်တယ်
ကျမက တိရစ္ဆာန် တွေမချစ်တတ်သလို ကြောင်တွေကိုရမ်း မုန်းတယ်....သူက game တွေဆော့ရတာ ရမ်းကြိုက်တယ် အသစ်အဆန်းတွေလဲ စိတ်ဝင်စားတယ်
ကျမက game ဆို candy crush လောက် ဆော့နိုင်တာ exo run ဆို ခုထိ level 1 တောင်မအောင်ဘူး အသစ်အဆန်းလဲ သိပ်စိတ်မဝင်စားဘူး ကိုယ့်လုပ်နေကျဟာလေးတွေပဲ လုပ်လေ့ရှိတယ်.......သူက အမြဲ ငြိမ်ငြိမ်မနေပဲ တခုခုကို စူးစမ်းလေ့လာ လုပ်ကြည့်နေလေ့ရှိတယ်
ကျမက ရှိသမျှအချိန်တွေကို ငြိမ်ငြိမ်လေးနေပြီး TV ကြည့်တာတို့ လိုင်းသုံးတာတို့ပဲလုပ်လေ့ရှိတယ်.....သူက ဆူညံတာကို သဘောကျပြီး သူများကို လိုက်စရင်း အမြဲပြုံးရယ်ပျော်ရွှင်နေတတ်တယ်
ကျမက အနားမှာ စကား၃ခွန်းထပ်ပိုပြောရင် စိတ်ရှုပ်လာတတ်ပြီး စိတ်လဲတိုလွယ်တယ်.....သူက ကျမနဲ့ ဘယ်နေရာမှ မတူညီပဲ ဘာလို့ သူ့ကို အရမ်းချစ်မိနေတာပါလဲနော် အဖြေသိရင် ပြောပြပါလား
Park Chanyeok shi ... ဘာလို့ ရှင့်ကို ကျမ အရမ်းချစ်နေရသလဲဆိုတာ.... ဘာလို့ ကျမဘဝက ရှင်က အရေးပါဆုံး ဖြစ်နေတာ ကိုလေ...Yeol ရဲ့အနားမှာ တရက်လောက်နေခွင့်ရဖို့ကို တဘဝလုံးစာနဲ့ လဲလှယ်ရမယ်ဆိုရင်လဲ ကျေနပ်ပါတယ် yeol ရယ်.....
Yeol ကို အရမ်းချစ်တယ်.....
ကျမလက်လှမ်းမမှီနိုင်တဲ့ ကောင်းကင်ထက်မှာ လင်းလက်နေတဲ့ ကျမရဲ့ကြယ်ပွင့်လေး ဒီထက်ပိုပြီး လင်းလက်နိုင်ပါစေ ပျော်ရွှင်နိုင်ပါစေ....
The owner of my life ... my Chanyeollie 😘😘😘