ပိုးစုန်းကြူးလေးရေ…
မင်းသိပ်ချစ်တဲ့ကြယ်ကလေးက မြေပြင်ပေါ်က မင်းကိုမြင်ရမှာတဲ့လားကွာ…အနားမှာ သူ့လိုတောက်ပနေတဲ့ ကြယ်ကလေးတွေကိုပဲမြင်မှာပေါ့…
ပိုးစုန်းကြူး လေးက ကြယ်ကလေးမဖြစ်လာနိုင်သေးတဲ့ကာလပတ်လုံး မင်းသိပ်ချစ်တဲ့ကြယ်ကလေးရဲ့ တခြားကြယ်ကလေးတွေကို မြင်နိုင်မှု အသိအမှတ်ပြုမှုတွေကိုပဲ မျှော်ငေး ဝမ်းနည်း အားငယ်နေရုံပဲပေါ့…
တနေ့…
မြေပြင်ပေါ်က ပိုးစုန်းကြူး လေးလည်း ဟိုးးး ကောင်းကင်ပေါ်က မင်းရဲ့ကြယ်ကလေးလိုပဲ တောက်ပလာနိုင်တဲ့တနေ့မှာ…
ပိုးစုန်းကြူး လေးလည်း မင်းသိပ်ချစ်ရတဲ့ကြယ်ကလေးရဲ့ အသိအမှတ်ပြုမှုကို ရနိုင်ပါစေကွာ……