လွမ်းတယ်...

28 5 0
                                    

အချစ်ဟာ ကိုယ်နဲ့ လက်တကမ်းအကွာကိုရောက်လာခဲ့တာ ဒီနေ့ဆို ၃လတင်းတင်း ပြည့်ခဲ့ပြီ အချစ်ရယ်…

ဒီ ၃လ ထဲမှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်ခဲ့တယ်…
မပြောင်းလဲတာကတော့ chan ကို ချစ်တဲ့ အချစ်တခုထဲ ရှိတယ်…

အချစ် ကိုယ်တို့တွေကို ချစ်တယ် ဆိုရင် ကိုယ်တခုပဲတောင်းဆိုချင်တာပါကွာ… ဆံပင် အရောင်တွေ ထပ်မဆိုး ထပ်မပြောင်းပါနဲ့တော့လား…ဆံပင်တွေကျွတ်ပြီး ထိပ်ကွက်လာမှာ စိုးရိမ်တာ အရင်ဆိုပေမယ့်… ဆိုးဆေးတွေ အရောင်ချွတ်တာတွေ ခနခန လုပ်နေရင် ရောဂါရလာမှာစိုးလို့ပါကွာ… ကတုံးဖြစ်သွားလဲ ကိုယ်ကချစ်နိုင်ပေမယ့် တခုခုဖြစ်သွားမှာကိုတော့ ကိုယ် စိုးရိမ်တယ် chan ရယ်…

နောက်ပြီးလေ… chan ကိုယ့်ဆီ ပထမဆုံး ရောက်လာခဲ့တဲ့ poster လေးလေ 😢 ကပ်နေတုန်း ထောင့်လေးမှာ ပြဲသွားတယ် chanရယ် 😭😭😭 Miyanae Miyanaeyo 😭 ကိုယ်မကောင်းဘူးနော် နမော်နမဲ့ နဲ့😢

လွမ်းတယ် chan ရယ်… ဖြစ်နိုင်ရင် ထပ်တွေ့ချင်ပါသေးတယ်…

ဟိုဘောင်းဘောင်း ထပ်မဝတ်တော့တာလဲ ကျေးဇူးတင်တယ် အချစ်လေး … ဒါမယ့် ခေါင်းလောင်းဦးထုပ်တော့ ဆက်တိုက်ဆောင်းနေပြန်ပြီ 😅 ဘယ်နှစ်လ ဆောင်းမလဲ ကိုယ်စောင့်နေမယ်နော်😉…

To My ChanyeollieWhere stories live. Discover now