Happy Birthday Chanyeollie…
မွေးနေ့ကို ရောက်လာပြန်ပြီ chanရယ်… ကိုယ်တွေအတူတူရှိခဲ့တာ နောက်တနှစ်ကူးသွားခဲ့ပြန်ပြီ…ဒီလိုလေးပဲ တသက်လုံးရှိနေချင်လိုက်တာ…(မဖြစ်နိုင်ဘူးဆိုတာ သိပေမယ့်လဲပေါ့လေ)ကိုယ့်အသက် တနေ့ထပ်တနေ့ကြီးလာတိုင်း…chan နဲ့ကိုယ့်ကြားက အကွာအဝေးဟာ ဘယ်လောက်ဝေးကွာမှန်း ကိုယ်နားလည်ခဲ့တယ်…ဒါပေမယ့်…ဘယ်လိုလုပ်မလဲ chan ရယ်… ကိုယ်က ချစ်နှင့်မိပြီးသားဖြစ်နေပြီကိုး…
ကိုယ့်အတွက်က chanကိုယ်တို့ကိုလက်တွဲဖြုတ်ပြီး တခြားလက်တစုံကို မရွေးသေးသရွေ့ အနားမှာရှိနေဦးမှာ…အဲ့ဒီအချိန်ကို ရောက်လာခဲ့ရင်လဲ … chan ရွေးချယ်တဲ့လမ်းမှာပျော်ရွှင်ပါစေ ဆုတောင်းပြီးမင်းကိုချစ်ခဲ့တဲ့နေရာမှာပဲ ခြေစုံရပ်ကျန်ခဲ့ဦးမှာ… ကိုယ့်အတွက် အရေးကြီးဆုံးက channie ကျန်းမာပျော်ရွှင်နေဖို့ပဲလေ…
"မွေးဖွားလာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်
Chanyeollie"…
Yeollie's Honey