မင်းကိုတွေ့ရရင်လေ …
နောင်တချိန် အမှတ်တရကျန်ခဲ့အောင် ဓာတ်ပုံရိုက်ထားဖို့ ကိုယ် လုပ်မိမယ်မထင်ဘူး …
ကိုယ်ရှိနေမယ့်ဘက်ကို မင်းရောက်လာရင်မယ်ဆိုရင်တောင် လုယက်ပြီး လက်ထိုးပေးမိမယ်မထင်ဘူး…
မင်းကိုတွေ့ရရင်လေ…
ကိုယ် မင်းကိုမြင်ရတဲ့နေရာလေးမှာပဲ အသက်ရှုဖို့ မျက်တောင်ခတ်ဖို့ မေ့လျော့နေတဲ့အထိ မင်းရဲ့ အမူအရာလေးတွေကိုပဲ ငြိမ်ငြိမ်လေး ငေးမောနေမိမယ်ထင်တယ်…
မင်းကို အမြဲမြင်နေကျ မှန်တချပ်ခြားနေရာကနေ ကိုယ့်မျက်လုံးနဲ့ တိုက်ရိုက်တွေ့ရမယ့် အချိန် တစက္ကန့်လေးကိုတောင် ကိုယ်တန်ဖိုးထားပြီး တဘဝလုံးစာ ကိုယ်မှတ်သားထားပါ့မယ် …
မင်းနဲ့တွေ့ရမယ့် အချိန်ကို ရင်ခုန်စွာရောက်ချင်နေသလို ရောက်လာခဲ့ပြီး ပြီးသွားမှာကိုလဲ ကိုယ်ကြောက်နေမိတယ် ပူကွေးလေးရယ်…
ဒီနေ့ပဲ Russia နောက်ရက်မှာပဲ Paris ရောက်နေတဲ့ အလည်လွန် ပူကွေးရေ… အစားလေးလဲပုံမှန်စားဦး ကိုယ့်ကိုလဲဂရုစိုက်ဦးနော် အားလပ်ရက်လေး ပျော်ရွှင်စွာ ကုန်ဆုံးပါစေ ပူကွေးလေး ❤❤