... ညမီးတိုင်တွေ ပိတ်သွားလို့ အာလုံးမှောင်မှိတ်သွားတာတောင် တောက်ပ
နေတဲ့ကောင်းကင်ကြီးကနေ လက်ကနဲ ကြွေကျလာတဲ့ ကြယ်ကလေး.... မင်းပါပဲUNBEATABLE
'တခုခု ပြောပါ ငါ့ကို ဖြေရှင်းချက်ပဲ ဖြစ်ဖြစ်
ဆင်ခြင်ပဲ ဖြစ်ဖြစ် ပြောဆို!!!! ဘာလုပ်နေတာလဲ ပြော!!!'ပုခုံးကနေ ကိုင်လှုပ်ကာ ဆောက်တည်ရာမရ
အော်ဟစ်နေတဲ့ အချစ်ဆုံးသူငယ်ချင်းလေးယုရုံးမရမှုတွေနဲ့ ဝမ်းနည်းနေတာလား...
ဆောက်တည်ရာမရ ..ကမ္ဘာပျက်နေသလို
Shinရဲ့ ပုံစံကြောင့်...ဟာနူးလည်း..
ပိုပြီး..နာကျင်လာတယ်...'ဘာကိုပြောစေချင်တာလဲ yeol oppaနဲ့ ငါနဲ့
ချစ်သူတွေ ဖြစ်သွားတဲ့ အကြောင်းလား
ဒါမှမဟုတ် သူ ငါ့ကို ဘယ်လောက်ချစ်လဲဆိုတဲ့ အကြောင်းလား ဒါမှမဟုတ် 'ခနဲ့တဲ့တဲ့လေသံနဲ့... အောင်နိုင်သူလိုပြောလိုက်မိပေမယ့်..
အသံတွေ တုန်ရီမနေအောင် အံကို တင်းတင်းကြိတ်ထားမိသည်...'နင့် $ပါးစပ်ကို ပိတ် ဟာနူး '
မျက်ရည်လည်ရွဲနဲ့ အော်ဟစ်ပေါက်ကွဲနေတဲ့
သူငယ်ချင်းလေးကို .... စိတ်ထဲကနေသာ
အထပ်ထပ်တောင်းပန်မိတယ်....
..... သိပါတယ် .. ကောင်းကောင်းနားလည်ပါတယ်
အရိပ်တကြည့်ကြည့်အမြတ်တနိုး ချစ်ခဲ့ရဲ့ သူအတွက်ရော....ဘဝတစ်ခုလုံးနဲ့ပုံပြီး
တိန်ဖိုးထားခဲ့ရတဲ့ ယုံကြည်မှုဆိုတဲ့ ကမ္ဘငယ်လေး
အတွက်ရော... ပြီးတော့... အရမ်းယုံကြည်ခဲ့ရတဲ့
သူငယ်ချင်းအတွက်ရော...
ဘယ်လောက်ထိ နာကျင်နေလိမ့်မလဲဆိုတာ..
ဟာနူး..ကောင်းကောင်းကြီးကို သဘောပေါက်ပါတယ်... ဒါပေမဲ့'ဟက် နင်သိပ်မက်မောတဲ့ သူကို ငါရသွားလို့
မနာလိုဖြစ်တာလား ရှင်း. 'ဟာနူးရဲ့ စကားလုံးတွေ ခက်ထန်သွားမိတယ်...
ဟာနူးကို နာကျင်မှုအပြည့်နဲ့ တအံ့တသြကြည့်လာ
တဲ့ မျက်ရည်ဝိုင်းတဲ့... မျက်လုံးတွေကို
ဟာနူး ရင်မဆိုင်နိုင်စွာ.. မျက်နှာလွှဲလိုက်မိတယ်

ВЫ ЧИТАЕТЕ
UNBEATABLE // COMPLETED//
ФанфикKeep To Believe , What you believe Then~ Your heart will more meaningful>> ChanBaek About a girl who believe in a pair of beautiful hearts♡