~တုနှိုင်းမဲ့~

2.2K 223 23
                                    

...တို့နှစ်ယောက်တကယ့်ကိုချစ်ခဲ့ဖူးတယ်..
တို့နှစ်ယောက်အချစ်ကိုရူးသွပ်ဖူးတယ်..
တို့နှစ်ယောက်စိတ်ကူးယဉ်ပြီး လေထဲမှာ အိမ်ဆောက်ဖူးတယ်...

UNBEATABLE

မနက်ခင်းနေရောင်ဖျော့ဖျော့အောက်က ချစ်ရသူရဲ့
မျက်နှာလေးကို ငေးကြည့်ရတာဟာ.. ဘယ်လောက်
တောင်ကြည်နူးဖို့ကောင်းလဲဆိုတာ မကြုံဖူးသူတွေ သိ
မှာမဟုတ်.... မျက်လုံးအစ်အစ်လေး
နှာခေါင်းလုံးလုံးလေး ပါးပြင်ဖြူဥဥလေး... တစိမ့်
စိမ့်ငေးကြည့်ရင်း ချစ်စိတ်တွေသာ တရိပ်ရိပ်တိုးလာ
ရသည်..သူတစ်ယောက်တည်းသာ မြင်တွေ့နိုင်တဲ့ သူတစ်
ယောက်တည်းရဲ့ ပိုင်ဆိုင်မှုလေးလို့တွေးမိတာနဲ့တင်
ရင်ထဲမှာ ကြည်နူးမှုလာရော..

ကြည့်ရင်း ကြည့်ရင်း ပိုပိုပြီးချစ်လာရတာမို့ မျက်နှာအနှံ့ နမ်း
ရှိုက်မိတော့ အိမ်မက်ကမ္ဘာထဲပျော်မွေ့နေတဲ့ ချစ်ရသူလေးက
အနည်းငယ် လူးလွန့်သွားလေရဲ့ ...
မျက်နှာနှင့်ပင် အားမရနိုင်စွာ လည်ပင်းသားနုနုကိုပါ အနမ်း
တွေခြွေတော့ တခ်ခ် ရယ်ရင်း..

'Mornee Yeol ya
.... baek အိပ်ချင်သေးတယ် yeolရဲ့..
ငြိမ်ငြိမ်နေနော်.. '

ပြောရင်း ပြန်ငြိမ်သွားတဲ့ အသေးလေးကြောင့် ပြန်အိပ်သွား
ပြီမှန်း သဘောပေါက်လိုက်တယ်...
ကျွန်တော်ကတော့ ငြိမ်ငြိမ်မနေနိုင်စွာ သူမအိပ်နိုင်အောင်
ကလိနေလိုက်တယ်.. အဝတ်မကပ်တဲ့ ပခုံးသားဖွေးဖွေး
လေးကို နှာခေါင်းနဲ့ဖွဖွမွှေးတော့..

'Yeol ကွာ ' ဆိုပြီး အိပ်ချင်မူးတူးအသံလေးထွက်လာတယ်.

အဝတ်မကပ်နိုင်တဲ့ လည်ပင်းနားနဲ့ ရင်ဘတ်ပေါ်က
ခပ်ရဲရဲ အမှတ်လေးတွေကို နှုတ်ခမ်းလေးနဲ့ပါ လိုက်နမ်း
တော့ ငေါက်ကနဲထထိုင်လာကာ သူ့မျက်လုံးလေးသူ
အတင်းဆွဲဖြဲရင်း...

'တွေ့လား.. တွေ့လား.. မျက်လုံးတွေက ဖွင့်လို့မရ
ပါဘူးဆိုနေ.. အိပ်ပါရစေ လူဆိုးကြီးရဲ့ byuntaeကြီးရဲ့.
ညကလည်း မအိပ်ရတာ သိရဲ့သားနဲ့... အိပ်ချင်တယ်လို့..
အိပ်ချင်တယ်ဆိုနေ.. '

UNBEATABLE // COMPLETED//Opowieści tętniące życiem. Odkryj je teraz