... ပန်းဖူးလေးတွေက နှလုံးသားကို နာကျင်စေတယ်.... ပန်းဖူးလေးတွေက မျက်ရည်တွေကျစေတယ် လှတဲ့အမှတ်တရတွေနဲ့
အပြာရောင်ကောင်းကင်ကြီး.. ငါမြင်နိုင်တာ
အဲ့တာပါပဲ...
ကလေးငယ်.. ဝမ်းနည်းမှုတွေနဲ့ တစ်ယောက်တည်း မရှင်သန်ပါနဲ့ ...
UNBEATABLE....
လေညင်းလေးတွေတဝှေ့ဝှေ့နဲ့
ချယ်ရီပွင့်ဖတ်ကြွေတို့နဲ့ အတူ လှပလှတဲ့ မြို့ငယ်လေး....အချစ်တွေနဲ့ လှပနေတဲ့..
အိမ်လေးကို ကျောခိုင်းထားခဲ့ကာ ထွက်လာတဲ့
ကားလေး တစ်စင်း... ကားနောက်ကြည့်မှန်မှာ
မြင်နေရတဲ့ ကောင်မလေးရဲ့ မျက်ဝန်းမှာ
မျက်ရည်ကြည်တွေဝဲလို့... ဘေးနားမှာ
တရိပ်ရိပ်ပြေးနေတဲ့ ချယ်ရီပင်တို့နဲ့အတူ
အတိတ်သို့ ~~ အတွေးတို့က ဝေ့ဝဲလျက်.............
အဲ့ဒီ့နေ့က ....အဲ့ဒီ့နေရာမှာတော့ ယခုကဲ့သို့...
ချယ်ရီတွေဝေမနေခဲ့..
.
.
.
.
လီဂွန်းဟွာ....
သူမငယ်ငယ်ကတည်းက နှလုံးအားနည်းတဲ့
ရောဂါရှိသူမို့ မိသားစုဝင်တွေ အားလုံးက
သူမကို အလိုလိုက်ထားခဲ့ကြသည်.. ထို့ကြောင့်ပင်
သူမသည်... လိုချင်တာအကုန်ရအောင်ယူတတ်သည့် အတ္တလေးရှိသည်....
သူမ baekhyunဆိုသည် ထိုလူသားကို ချစ်သည်
.. ပိုင်ဆိုင်ခွင့်ရအောင်ကြိုးစားသည်... သူမ
ပိုင်ဆိုင်နိုင်တော့မည်... ရက်အနည်းငယ်
အတွင်း သူမအပြီးတိုင်ပိုင်ဆိုင်ရတော့မည်...
သို့ပေမယ့်... ယခုတလောတွင် ပိုပို..ဆိုးရွားလာ
သော သူမနှလုံးသည် အခြေအနေမကောင်း...
တစ်လအတွင်းမှ မခွဲစိတ်ရင်.. သူမ အသက်အန္တရာယ်ပင်ဆိုးရိမ်ရသည်အထိ...
.........
ထိုနေ့က ဖိတ်မခေါ်သည့် ဧည့်သည်တစ်ယောက်က
သူမဆီရောက်လာခဲ့သည်.... ဟာနူး..ဗြောလ်ဟာနူး.... ထိုကလေးမကို
သူကြောက်သည်... ဘယ်လိုနည်းမျိုးနဲ့မဆို
သူမဆီကနေ baekhyunဆွဲခေါ်ထုတ်သွားမယ့်
ထိုမိန်းကလေးကို သူမအလွန်ကြောက်သည် ..
သို့ပေမယ့်~~~
သူမနှင့်တူညီစွာ.. ဆေးရုံဝတ်စုံ အပြာဝမ်းတက်နှင့်
ဟာနူးက အေးချမ်းစွာသော အပြုံးတစ်ခုနဲ့
သူမကို နှုတ်ဆက်ခဲ့ပါသည်...
ВЫ ЧИТАЕТЕ
UNBEATABLE // COMPLETED//
ФанфикшнKeep To Believe , What you believe Then~ Your heart will more meaningful>> ChanBaek About a girl who believe in a pair of beautiful hearts♡
