~တုနှိုင်းမဲ့~

2.2K 221 7
                                    

Special Part..11:11 day ♡ ♡
HAPPY CHANBAEK DAY
.
.
.UNBAETABLE. ဆိုတဲ့ ဒီficလေးရဲ့ 11ပိုင်း
မြောက် အပိုင်းလေးပါ..တိုက်ဆိုင်စွာပဲ
11\11dayလေးဖြစ်နေတယ်ပေါ့နော်...
အဲ့တော့ special partလေးအနေနဲ့
ဇာတ်လမ်းနဲ့ သိပ်မဆိုင်တဲ့ chanbaek
sweet.sweeter.sweetest. moment လေး
တွေနဲ့ ဖိသတ်ထားပါဒေချင့်..
.
.
.
.
.Start!!

~ချစ်သူ့ အနမ်း ဖွဖွ နဲ့ နေ့ရက်တိုင်း
ကို နိုးထမယ် ..

~ချစ်သူ့ အသက်ရှူသံ ပျပျနဲ့ မနက်ဖြန်တွေ
ကို ဖန်တီးမယ်

~သူ့ရင်ခုန်သံတိုးတိုးကို ခိုးခိုး နားဆင်ရင်း
သာ...အသက်ထက်တိုင်. ရှင်သန်မယ်...

အတူတူရှိခွင့်ရတဲ့ နေ့ရက်တိုင်းက..
သာလွန်သည်ထက် သာလွန်ကာ လှပတယ်

UNBEATABLE

သံသာသာ ကျေးငယ်တို့ရဲ့ တကျိကျိ တကျာကျာ တေးသီသံတို့က နှင်းလွှမ်းမနက်
ခင်းကို အသက်သွင်းနေလေတယ်....။
ရှေ့ပြေးတော် ရောင်ခြည်ပျို့ပျို့နဲ့ အတူ သူရိန်
နေမင်းကြီးက အရှေ့ဘက် ကမ်းကနေ လောကတစ်ခွင် မေးတင်ချောင်းကြည့်လို့...
အဆုပ်လိုက် အဆုပ်လိုက်သော အဖြူဖွေးဖွေး
တိမ်ဆိုင်တို့ကလဲ အပြာနုရောင် ကောင်းကင်
လွှာကို နောက်ခံထားလို့ ပျော်မြူးစွာ ပြေးလွှား
ဆော့ကစားနေကြလေရဲ့...။တဖွဲဖွဲကျဆင်းနေ
တဲ့ နှင်းမှုန်တွေကြား..ကိုလေရှုးကတော့
နေရာအနှံ့ လည်ပတ်လို့~~~နှင်းသီးလေး
တွေ တွဲလွဲခိုနေတဲ့မြက်ခင်းပြင်တွေကြား~
နှင်းရည်ရောတဲ့ ကန်ရေပြင်တွေပေါ်..
နှင်းဖြူဖြူတိုနဲ့ အပြိုင်အဆိုင် မြေခနေကြတဲ့
ပန်းခရမ်းရောင် ဆာကူရာ ပွင့်ဖတ်တွေခင်း
တဲ့ လမ်းတစ်လျှောက် ပြီးတော့..မာဖလာ
ရောင်စုံ အနွေးထည်ဒီဇိုင်းစုံတဲ့ ဆောင်းအေးအေးမနက်ခင်းမှာ ဦးတလျို သွားလာနေကြတဲ့ လူတွေကြား....
အလည်အပတ်ထွက်နေတဲ့ ကိုလေရှုးရဲ့.ပယောဂကြောင့် တလူးလူး
တလွန့်လွန့် ဖြစ်နေတဲ့ အပြာနုရောင် ခန်းစီး
လေးတွေရဲ့နောက်မှာတော့...

တစ်ခန်းလုံးအပြည့် နို့နှစ်ရောင် နံရံကပ်စက္ကူ
တွေကပ်ထားတဲ့ အခန်းလေး
အပြာနုရောင် ဗီဒို ခပ်ခန့်ခန့်တစ်ခုရယ်...
ကျွန်းသစ်ရောင်စာကြည့်စားပွဲလေရယ် ..
စီစီရီရီရှိနေတဲ့ စာအုပ်လေးငါးအုပ်လောက်
ရယ် ဖွင့်လျက်သားမှောက်ထားတဲ့ ဖတ်လက်စ
ဖြစ်ပုံရတဲ့..စာအုပ်လေးတစ်အုပ်ရယ်~~

UNBEATABLE // COMPLETED//Où les histoires vivent. Découvrez maintenant