~တုနှိုင်းမဲ့~

2.2K 212 12
                                    

...ဘယ်လိုပဲ မေ့ပျောက်ပစ်ဖို့ ကြိုးစားပါသော်လည်း
သတိရနေတုန်းပဲ.... လွမ်းနေတုန်းပဲ အခုထိငါ...

UNBEATABLE...


'သမီးလေး ထည့်စားလေ ဘာမှ အားမနာနဲ့နော်.. '

Baekhyun ပြုံးပြုံးရွှင်ရွှင်နဲ့ လောကွတ်တွေပြုနေတဲ့
အမေဖြစ်သူကို ကြည့်လိုက်မိတယ်.... သူ့အပေါ်ကိုရော
ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်ကိုလည်း သိပ်ချစ်တဲ့ သူ့အပေါ်
အဲ့ဒီ့လို အသိအမှတ်ပြုပေးရင် ကြင်နာပေးရင်...

'ကျေးဇူးတင်ပါတယ် မေမေ '

မခို့တရို့အပြုံးလေးနဲ့ လူကြီးတစ်ယောက်ကို ရိုရိုကျိုးကျိုး ခွန်းတုံ့ပြန်
နေတဲ့သူမကို ကြည့်ရင်း...

လွတ်လပ်ပေါ့ပါးစွာ အော်ဟစ်ရယ်မောတတ်သော
ကျွန်တော့်လူကြီးရဲ့ ပုံရိပ်တွေ တရေးရေးမြင်ယောင်လာရင်း

တဒိတ်ဒိတ်ခုန်နေတဲ့ နှလုံးသားက စလို့. ခန္ဓာကိုယ်တစ်လျှောက်စီးဆင်းနေတဲ့ သွေးကြောမျှင်တွေ အထိ နာကျင်မှုတွေသာ တရိပ်ရိပ်တက်လာသလို ပူလောင်လို့.........

အဲ့လိုမျိုးခုန်လှုပ်နေမယ့်အစား ရပ်တန့်သွားလိုက်တာ
ပို မသက်သာဘူးလား နှလုံးသားလေးရယ်.....

သူ့အနားမှာ သူ့ကိုပဲချစ်ရင်း သူ့အချစ်တွေကိုပဲ ခံယူရင်း
နေမသွားနိုင်သည့်နောက်တော့.... ကျွန်တော် ထာဝရ
သာ ပျောက်ကွယ်သွားချင်ပါတော့သည်..

သို့သော်ငြား
တယောက်တည်းကျန်ခဲ့ရင်း ကြေကွဲနေမယ့်...
ကျွန်တော့်နောက်လိုက်လာဖို့ရာ ရူးမိုက်စွာ ဆုံးဖြတ်ချက်တွေ
ချနေမယ့် သူ့ကိုတွေးမိပြန်ရင်လည်း ကျတော် တစ်ကိုယ်ကောင်းဆန်စွာ ထွက်မပြေးဝံပြန်....

ကျွန်တော့်အပြုံးတွေကို ငေးကြည့်ရင်းပြုံးနေမယ့် သူ့အတွက်...
ကျွန်တော် ပျော်ချင်ယောင်ဆောင်ပြရမယ်မို့လား...

'သားလေး baekhyunee ဘာတွေတွေးနေတာလဲ
သားရဲ့ စားလေ '

ကျွန်တော် ခပ်ယဲ့ယဲ့လေး ပြုံးလိုက်ရင်း.. ဘာဟင်းမှ ခပ်မထည့်ထားမိတဲ့ ပန်းကန်ထဲက ထမင်းဖြူဖြူ တစ်ဇွန်းကို
ပါးစပ်ထဲ ထိုးသိပ်လိုက်မိတယ်.....ထို ထမင်းတစ်လုတ်က
ဘာအရသာရှိလဲဆိုတာလဲ ကျွန်တော် မသိလိုက်...
ဝါးလိုက်မိလား မဝါးလိုက်မိလားလဲ ကျွန်တော် အမှတ်မရ
ဘယ်ချိန်က မြိုချလိုက်မိမှန်းမသိ ခံတွင်းထဲ မရှိတော့တာ
ခံစားရမှ နောက်တစ်လုတ်ခွံဖို့ပြင်မိတယ်....

UNBEATABLE // COMPLETED//Nơi câu chuyện tồn tại. Hãy khám phá bây giờ