~တုနှိုင်းမဲ့~

2.2K 224 23
                                    

... ခုချိန်လေးမှာတော့ မင်းကို အဝေးကနေပဲ မျှော်ကြည့်နေရင်း.. ငါတို့တွေရဲ့ ကံကြမ္မာက
ဘာလို့ ခုလိုဖြစ်နေရတာလဲ ဆိုတာ...

UNBEATABLE

အဲ့ဒီ့နေ့က...
.
.
.
.
.
.
.
.
.
"ဟားနူးရှီ ... ဘာကိစ္စနဲ့ တွေ့ချင်ရတာလဲ...
Chanyeolနဲ့ပက်သတ်ပြီး ဘာတင်ပြစရာရှိလို့လဲ "

စာရွတ်စာတမ်းတွေကို အကြည့်မပြတ်ဘဲ ပြောလာတဲ့ CEO Min ....

ခဏနေရင်လည်း ဒီ့ထပ်ပိုပြီး တည်ငြိမ်နိုင်ပါစေလေ ...
.
ရုံးခန်းထဲ သပ်သပ်ရပ်ရပ် ထည်ထည်ဝါဝါ
ရှိနေတဲ့ ဆက်တီမှာ ထီမထင်သလို ဝင်ထိုင်လိုက်ရင်း..
.
.
"CEO Min Tae Hyuk "

ဖန်တုံးပေါ်မှာ ထွင်းထားတဲ့ နာမည်ကို တလုံးချင်း
ရေရွတ်လိုက်သည် ..

"ဟာနူးရှီ အကြောင်းရင်း သေချာမရှိဘူးဆိုရင် ထွက်သွားပေးပါ့လား plz "

လှည့်ပင်မကြည့်ဘဲ ရေရွတ်သွားတဲ့ CEO ကြီး

ဟာနူး ဟက်ကနဲ တချက်အသံပြုလိုက်ရင်း...

"ဒါပေါ့ ဒါပေါ့ အခုတလော ရှယ်ယာက အခြေအနေတွေ မတည် မငြိမ်ဖြစ်နေတော့ ..
CEOကြီးက အလုပ်တွေရှုပ်နေမှာပေါ့... ပြီးတော့
အမည်မသိလူတစ်ယောက်က ရှယ်ရာတွေလိုက်ဝယ်နေလို့.. %တော်တော်များ
များ ဆုံးရှုံးသွားတယ် ဆိုလား"

ဟာနူးရဲ့ စကားကြောင့် တချက်မှ လှည့်မကြည့်ခဲ့တဲ့ CEOကြီးရဲ့ အကြည့်စူးစူး
တစ်ချက်ကို ရခဲ့တယ်...
.
.
"မင်း.. မင်းက.. ဘယ်လိုဖြစ်ပြီး.. "

အံ့ဩတကြီး ရေရွတ်နေတဲ့CEOကြီးကို ခပ်ချေချေပြုံးကြည့်လိုက်ရင်း

"သိပ်မလောပါနဲ့ CEOကြီးရယ် ဟာနူး ဒီကိစ္စပဲ
ပြောဖို့လာခဲ့တာပဲဟာ.. အေးဆေးပေါ့ "

ဟာနူးစကား ဆုံးဆုံးချင်းမှာပဲ telecomက အသံ
တစ်ခုထွက်လာတယ်...

"ဥက္ကဌကြီး အပြင်မှာ ရှေ့နေတစ်ယောက် ရောက်
နေတယ်... "

ဟာနူးကို တစ်ချက်လှမ်းကြည့်လာတဲ့ CEO Min
ကို ဟာနူး ခေါင်းငြိမ့်ပြလိုက်တယ်

"အထဲကို လွှတ်လိုက် "
.
.
.
.
.
.
.
.
"ဘယ်လိုလဲ CEO nim.. တော်တော်မှ အံ့ဩသွား
ရလား "

UNBEATABLE // COMPLETED//Donde viven las historias. Descúbrelo ahora