♕Joker & Harley♕
❦Chapter Two❦
ChanBaek BaekYeol
YaoiZawgyi
'No.61' ဟု ရေးထိုးထားသော အခန်းရှေ့ BaekHyun ရောက်နေသည်။
သူ အခု ရောက်နေသည်မှာ စိတ်ကျန်းမာရေး ဆေးရုံအတွင်းရှိ အခန်းတစ်ခန်း...။
သူလည်းပဲ စိတ်ရောဂါကု ဆရာဝန်တစ်ယောက် ဆိုသော်ငြား သည်ဆေးရုံကတော့ မဟုတ်။အခန်းအတွင်း ရှိနေသူကို သတ်ရန် သူဌေးကြီးက တာဝန်ပေးခဲ့သောကြောင့်သာ BaekHyun ဤအခန်းရှေ့ရောက်နေရခြင်းပင်..။
"မင်း အခန်းထဲတော့ မဝင်ဘူး မဟုတ်လား.."
တက္ကသိုလ်တုန်းက သူနှင့် ရင်းနှီးခဲ့သော MinHyuk ၏ စကားကြောင့် သူ အခန်းထဲ လှမ်းစပ်စုကြည့်နေသည်ကို ရပ်လိုက်သည်။
လှမ်းသာ ကြည့်ရသည် ဘာကိုမျှ ရေရေရာရာ မမြင်ရ။ နေရောင်ခြည်အနည်းငယ်လောက်သာ ဝင်သည်မို့ အခန်းထဲက ကုတင်ပေါ်တွင် ထိုင်နေသည့် လူတစ်ယောက်၏ ကိုယ်ဟန်အရိပ်ကိုသာ သူ မြင်ရသည်။"အင်း.. ဒါပေမယ့် ငါ ဒီကနေ ကြည့်တာ ဘာမှ မမြင်ရဘူး"
"မင်းက ဘာဖြစ်လို့ သူ့ကို တွေ့ချင်တာလဲ?"
MinHyuk ကပါ အခန်းထဲသို့ လှမ်းကြည့်လိုက်ရင်း မေးလာသည်။ ထိုအခါမှ BaekHyun စဉ်းစားမိသည်။ သူ့အနေနှင့် သည်လူကို လာတွေ့စရာ အကြောင်းမရှိ။ သူဌေးကြီး ခိုင်းသည့် အတိုင်း သတ်ဖို့လည်း သူ စိတ်မကူးပါ။
သို့သော်လည်း ထိုလူ့အကြောင်းကိုတော့ BaekHyun သိချင်နေမိသည်။ Mr.J ဟု ခေါ်သော ထိုသူ့ကို သူဌေးက သတ်ခိုင်းရအောင် သူက ဘယ်လိုလူမျိုး ဖြစ်နေမလဲ သိချင်၏။
ထို့ကြောင့်လည်း ဤဆေးရုံသို့ ရောက်လာခြင်းသာ..။ အစကတော့ ဒီအတိုင်း ဆေးရုံမှာ တာဝန်ကျနေသည့် သူငယ်ချင်း MinHyuk ကို နည်းနည်းပါးပါး မေးကြည့်စုံစမ်းမည်ဟု တွေးကာ လာခဲ့သော်လည်း ခုတော့ ဘာလို့ရယ် မသိ။ ဤအခန်းရှေ့သို့ သူ ရောက်နေလေပြီ။
"ဒီလိုပါပဲ.. ကိစ္စလေး နည်းနည်းရှိလို့"
"သူ့အခန်းထဲ မဝင်တာပဲ ကောင်းပါတယ်.. ဒီဆေးရုံမှာ ရှိသမျှ လူနာတွေအားလုံးထဲ သူ အဆိုးဆုံးပဲကွ။ သူ့ကြောင့် သေမလို ဖြစ်သွားတဲ့ ဆရာဝန်တွေ နာ့စ်မတွေ တစ်ပုံကြီး.."
![](https://img.wattpad.com/cover/87192682-288-k373685.jpg)
YOU ARE READING
♕JOKER & HARLEY{Season-I}♕
Fanfiction*Madness, as you know, is like gravity. All it takes is a little push.* •~ Psychiatric Torture ~•