❦Chapter Four❦ {Z+U}

11.9K 1.1K 32
                                    


♕Joker & Harley♕
❦Chapter Four❦
ChanBaek BaekYeol
Yaoi

{Warning-16+}

Zawgyi

မျက်စိနှစ်လုံးကို ဖွင့်လိုက်သောအခါ တွေ့လိုက်ရသည်က မြင်နေကျ မိမိအခန်း မျက်နှာကျက်နှင့် မတူသော မျက်နှာကျက်အမည်းရောင်။

အိပ်ယာနိုးနိုးချင်းတွင် သိပ်သတိမထားသော်ငြား အိပ်ချင်စိတ် ပြေသွားသည့်အခါတွင် BaekHyun အနည်းငယ် ထိတ်လန့်သွားရသည်။

မိမိဘယ်နေရာကို ရောက်နေတာလဲ ဟူသော အတွေးကြောင့် အခန်းပတ်ပတ်လည်ကို တစ်ချက်ဝေ့ကြည့်လိုက်၏။ အခန်းထဲတွင် အဓိက တွေ့ရသည်က အရောင်နှစ်ရောင်.. အမည်းရောင်နှင့် အနီရောင်။

သူ အိပ်စက်နေခဲ့သော မွေ့ယာက အိစက်နေ၍ ကုတင်ကြီးမှာလည်း ရုပ်ရှင်ထဲမှာ မြင်တွေ့ဖူးသော၊ ဝတ္ထုများထဲ ဖတ်ဖူးသော king-sized bed ဖြစ်သည်။

အခန်းနံရံတွင် ပန်းချီ အနုပညာနှင့် ပတ်သက်ပြီး ဗဟုသုတသိပ်မရှိသော BaekHyun ပင် ကြည့်ရုံမျှဖြင့် ဈေးတန်ဖိုး မြင့်မားမှန်း သိနိုင်သော ပန်းချီကားအချို့ကို ချိတ်ဆွဲထားသည်။

ဘာရယ်မဟုတ်.. အနီရောင်နှင့် အမည်းရောင်တို့ ရောစပ်အလှဆင်ထားသော အခန်းကြီးကို ကြည့်၍ စိတ္တဇဆန်သည်ဟု ထင်မိသောကြောင့် BaekHyun ကြက်သီးထမိသည်။

ကုတင်ပေါ်မှာ ထိုင်ရင်း တောင်ကြည့်မြောက်ကြည့် ကြည့်နေလျှင် သူ ရောက်ရှိနေသည့် နေရာကို ခန့်မှန်းနိုင်မည် မဟုတ်သည်မို့ အခန်းထဲမှ ထွက်ကာ လေ့လာရန် တွေးမိပြီး မတ်တပ်ထရပ်လိုက်သည်။

သို့သော်လည်း သူ အပြင်ထွက်ကြည့်စရာ မလိုပဲ ထိုအခန်းပိုင်ရှင်မှာ မည်သူဖြစ်သည်ကို BaekHyun သိလိုက်ရ၏။

"အိုး... Babe ~ မင်း နိုးနေပြီပဲ"

စကားသံပိုင်ရှင်မှာ အခန်းတံခါးဖွင့်ဝင်လာသော Mr.J ခေါ် Park ChanYeol။

သူ ဘာကြောင့် ဒီအခန်းထဲ ရောက်နေရသလဲ ဟူသည့် အကြောင်းကို မေးလိုက်ချင်သော်ငြား စကားသံက ထွက်မလာ။

♕JOKER & HARLEY{Season-I}♕ Donde viven las historias. Descúbrelo ahora