♕Joker & Harley♕
❦Chapter Nine❦
ChanBaek BaekYeol
Yaoiအိပ်စက်ခြင်း နယ်မြေဆီက လွန်မြောက်လာသည်နှင့် ပထမဆုံး ခံစားရသည်က ပင်ပန်းနွမ်းနယ်မှု။
အိပ်ချင်စိတ်တို့ မပြယ်ပြတ်သေးသော်လည်း လဲလျောင်းနေရာမှ ထထိုင်ဖို့ သူ ကြိုးစားလိုက်သည်။သို့သော် ခန္ဓာကိုယ်အပေါ်ပိုင်းကို အနည်းငယ်မျှ လှုပ်ရှားမိသည်နှင့် ခါးအောက်ပိုင်း၌ ခံစားလိုက်ရသော နာကျင်မှုကြောင့် ထထိုင်ဖို့ ကြိုးစားနေခြင်းကို ရပ်တန့်လိုက်ရသည်။
အဲ့သည်နေရာက ဘာကြောင့် ဒီလောက်တောက် တဆစ်ဆစ်နာနေသလဲ အစက BaekHyun.. သူ စဉ်းစားမရ။ အိပ်ချင်မူးတူးဖြစ်နေချိန်မို့ ဦးနှောက်က ကောင်းစွာ အလုပ်မလုပ်သေးသည်ကြောင့်လည်း ဖြစ်နိုင်၏။
မေးခွန်း၏ အဖြေကို သူ တွေ့ရှိသွားချိန် အလိုလို Mr.J ကို ရှာဖွေမိသည်..။ သည်အခန်းထဲတွင်တော့ မရှိ။ အပြင်ဘက်မှာ ရှိမရှိတော့ မပြောတတ်။
အတွေးထဲ တစ်ခုချင်း တန်းစီကာ ပေါ်လာသော ပုံရိပ်တို့က သူ့ကို ရှက်ရွံ့မှုဖြင့် ရူးသွပ်ချင်သလို ဖြစ်လာအောင် ဖန်တီးနေသည်။
ပြင်းရှယစ်မူးဖွယ် အနမ်းများ၊ အဝတ်အစား ကြားခံနယ် မကာဆီးထားသည့် ခန္ဓာကိုယ်ချင်း ထိတွေ့ပွတ်တိုက်မှုများကြောင့်လား.. သူဟာ Mr.J ဆီ သာယာမှုများပေးရန် ရှက်ရွံ့ခြင်းမရှိ တောင်းခံခဲ့သည်။
'Fuck me!!! Fuck me harder!!! Please!'
ကိုယ့်အသံကို ပြန်ကြားယောင်မိသည့်အခါ BaekHyun ခန္ဓာကိုယ်ကို မှောက်လိုက်ပြီး ခေါင်းအုံးနှစ်လုံးကြား မျက်နှာကို ဝှက်ထားမိသည်။
ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်သလဲလေ..။
ဆက်တွေးနေလျှင် ကိုယ့်ကိုကိုယ် တစ်ခုခုများ လုပ်မိမလားဟု တွေးမိသည်မို့ ထပြီး ကိုယ်လက်သန့်စင်ရန် တွေးလိုက်သည်။ တကယ်တော့ အတွေးက လွယ်သော်လည်း အတွေးအတိုင်း လိုက်လုပ်ဖို့ကတော့ သိပ်မလွယ်ကူလှ။
"အား... ကျွတ် ကျွတ်"
အားယူသည့်အနေဖြင့် သက်ပြင်းတစ်ချက် ချပြီး ထထိုင်လိုက်သည်။ ခါးအောက်ပိုင်း၌ ခံစားလိုက်ရသည့် နာကျင်မှုက မျက်နှာရှုံ့မဲ့ပြီး အံကြိတ်ထားရသည်အထိ။
![](https://img.wattpad.com/cover/87192682-288-k373685.jpg)
ESTÁS LEYENDO
♕JOKER & HARLEY{Season-I}♕
Fanfic*Madness, as you know, is like gravity. All it takes is a little push.* •~ Psychiatric Torture ~•