♕Joker & Harley♕
❦Chapter Twenty❦
ChanBaek BaekYeol
YaoiZawgyi
BaekHyun's pov :
ညသန်းခေါင်ယံအချိန်ကျော်လာသည်အထိ မျက်စိကြောင်နေ၍ အိပ်မပျော်ပဲ ရှိနေရာကနေ နောက်ဆုံး မျက်လုံးများ မှေးစင်းလာ၍ အိပ်ပျော်လုဆဲဆဲ ဖြစ်နေသော အချိန်၌...။
ဖျတ်ခနဲ အခန်းတစ်ခုလုံး လင်းထိန်သွားသောအခါ ဆတ်ခနဲ အနှိုးခံလိုက်ရသလို ဖြစ်သွားသည်။
ရုတ်တရက် လင်းချင်းသွားသည်မို့ မျက်လုံးများက ကျိန်းစက်ကာ တော်တော်နှင့် ဖွင့်မရ..။ပုံမှန်အမြင်အာရုံကို ပြန်လည်ရရှိလာသောအခါ အခန်းမီးများ လင်းလာခြင်း၏ တရားခံကို တွေ့ရ၏...။
"Chan~"
ခုချိန်ထိကို ကောင်းကောင်းမပွင့်ချင်သေးသော မျက်လုံးနှစ်ဖက်ကို လက်နှင့်ပွတ်သပ်နေရင်းကနေ ထထိုင်လိုက်သည်။
သူသည် အပေါ်ဝတ် ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး နက်ခ်တိုင်ကို ဖြည်နေရင်းကနေ ကျွန်တော့်အနား ရောက်လာလေ၏..။
နောက် ကျွန်တော့်ဆံပင်တွေကြား သူ့လက်ချောင်းများ တိုးဝင်လာပြီးနောက်"ခွေးပေါက်လေးလိုပဲ..။ မင်းက ချစ်စရာကောင်းလွန်းတယ်~"
သူ့အပြုအမူနှင့် ပြောစကားကြောင့် ကျွန်တော့်နှလုံးသားက ဖြည်းဖြည်းမှန်မှန် ခုန်လှုပ်နေရာက ရုတ်ချည်း အရှိန်မြန်လာခဲ့သည်။
ကျွန်တော်ဟာ သည်လူ၏ ပြုစားမှုမမည်သော ပြုစားမှုတို့အောက် အကြိမ်ကြိမ်အခါခါ ရှုံးရမြဲ..။
သူ့လက်ချောင်းတို့က ကျွန်တော့်ဆံပင်များကြားကနေ ထွက်ခွာပြီးနောက် ကျွန်တော့်ပါးထက်တွင် နားခိုသည်။
ဆေးအနက်ရောင်အချို့ ဝန်းရံသော သူ့မျက်ဝန်းမှ အကြည့်စူးရှရှက ဖမ်းစားနိုင်လွန်းလှ၏။"ဒါပေမယ့် ဖြူ စင်လွန်းတဲ့ ပုံရိပ်မျိုး ကိုယ်သဘောမကျဘူး..."
နှလုံးသားက ထိတ်ခနဲ..။
ရုတ်တရက် အတွေးထဲ ရောက်လာသည်က ထိုမိန်းကလေး၏ ပုံရိပ်။
ကျွန်တော် ရက်ရက်စက်စက် သတ်ပစ်လိုက်သည့် ထိုမိန်းကလေး...။
ESTÁS LEYENDO
♕JOKER & HARLEY{Season-I}♕
Fanfic*Madness, as you know, is like gravity. All it takes is a little push.* •~ Psychiatric Torture ~•