♕Joker & Harley♕
❦Chapter Twelve❦
ChanBaek BaekYeol
YaoiZawgyi
BaekHyun's pov :
"MingMong ah ~ မင်းသိလား။ သူ ငါ့ဆီ မလာတာ တစ်လနီးပါးရှိနေပြီ"
'MingMong' ဟု ကျွန်တော် သုံးနှုန်းခေါ်ဝေါ်လိုက်သည့် ချစ်စရာ ခွေးကလေးကတော့ ညည်းညည်းညူ ညူ ပြောမိသော ကျွန်တော့်စကားတို့ကို ဂရုမစိုက်စွာနှင့် ချကျွေးထားသော အစားအစာတို့ကိုသာ မြိန်ရေရှက်ရေ စားသောက်လို့ နေသည်။
သြော်..
ခွေးပါဆိုနေမှ ကျွန်တော့်ပြောစကားတွေကို ဘယ်နားလည်ပါ့မလဲလေ။MingMongie က သူ့ကို ချကျွေးထားသည့် အစားအစာများ ကုန်သွားသောအခါ ကျွန်တော့်မျက်နှာကို တစ်ချက် မော့ကြည့်ပြီး ပေါင်ပေါ် တက်လာကာ ခွေနေတော့၏။
ခုမှပင် သတိထားမိလိုက်သော ကျွန်တော့်ပါးပြင်ပေါ်က မျက်ရည်စက်တို့ကို ပွတ်သုတ်လိုက်ရသည်။ ကျွန်တော် ဝမ်းနည်းနေသည်ကို MingMongie လေးက ခံစားမိသည် ထင်၏။
"မင်းရှိနေလို့ တော်ပါသေးတယ်.."
ပြောရင်းနှင့် ဝမ်းဗိုက်က အဖြူ ရောင်အမွှေးပွပွတွေကို ဆွဲဖွကာ ပွတ်သပ်လိုက်တော့ Mongie လေးက သဘောကျဟန်နှင့် ဟိုလှိမ့်သည်လှိမ့် လုပ်နေသည်။
အိမ်ခြံဝန်းအပြင်ဘက်မှ လွဲ၍ ဤအိမ်ကြီးအတွင်း ကြိုက်သည့်နေရာကို ကျွန်တော် သွားခွင့်ရှိသည်။
သို့သော်လည်း အိမ်နေရာအနှံ့ ရှိနေတတ်သော gangsta များကို သိပ်သဘောမကျလှ။ သူတို့ကလည်း head quarter မှာ မနေပဲ ဘာလို့ ဒီအိမ်မှာပဲ နေနေကြသည်မသိ။
ပတ်ဝန်းကျင်မှာ လူရှိနေပါသော်လည်း ဘယ်သူ့ကိုမှ စကားပြောခွင့်မရှိသည့် အဖြစ်။ gangsta များမပြောနှင့် အိမ်အကူအချို့တောင် ကျွန်တော့်ကို တွေ့တာနှင့် ရှောင်သွားတတ်ကြသည်။
Mr.J ... သူ ကျွန်တော့်ကို ဘယ်လိုသဘောထားတာလဲ??
စကားပြောဖို့ ထိဖို့ ကိုင်ဖို့ မပြောနှင့်.. မျက်လုံးလေးနှင့် အချိန်ခဏမျှ စိုက်ကြည့်တာတောင် သူက သဘောမကျ။ဧည့်ခန်းထဲက မည်သူမျှ မထိရဲ မကိုင်ရဲ ကွဲရှသွားမှာပင် စိုးသည့် တန်ဖိုးကြီး ကြွေအိုးကြီးလိုမျိး.. ကျွန်တော့်ကို သူက အဲ့ကြွေအိုးကြီးလိုမျိုး သဘောထားလေသလား။

BẠN ĐANG ĐỌC
♕JOKER & HARLEY{Season-I}♕
Fanfiction*Madness, as you know, is like gravity. All it takes is a little push.* •~ Psychiatric Torture ~•