♕Joker & Harley♕
❦Chapter Fourteen❦
ChanBaek BaekYeol
YaoiZawgyi
BaekHyun's pov :
လသော်တာက ထုတ်လွှတ်ပေးနိုင်သော အလင်းနှင့် မလုံလောက်နိုင်သော ညအမှောင်ကြောင့် ထွန်းညှိထားရသော လမ်းမီးတိုင်များ၊
လမ်းမထက် အင်ဂျင်စက်သံတဝူးဝူးဖြင့် အမျိုးအစားစုံလင်လှသော မော်တော်ကားများ၊
လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် မီးရောင်စုံဆိုင်းဘုတ်များနှင့် ဆိုင်တန်းများ၊ အိမ်များ၊
လူသွားလမ်းထက် သွားလာနေကြသော အသက်အရွယ်စုံ၊ အဆင့်အတန်းစုံ လူသားများ။
Gotham မြို့တွင်း တစ်နေရာ၏ ညမြင်ကွင်း...။
ခမ်းနားကြီးကျယ်လှသော အိမ်ကြီးတစ်အိမ်ထဲမှာပဲ လေးလကျော်သည်ထိ နေထိုင်ခဲ့ရပြီး အပြင်ထွက်ခွင့်မရခဲ့သည့် ကျွန်တော့်အဖို့...
သည်လိုအိမ်ကြီး၏ အပြင်ဘက်သို့ ထွက်ခွင့်ရပြီး Gotham မြို့၏ ညမြင်ကွင်းကို ခံစားရင်း လမ်းမထက် အေးအေးလူလူ လမ်းလျှောက်နေရသည့်အဖြစ်မှာ အိပ်မက်လိုလိုပင်။
တွေ့သမျှ မြင်သမျှကို လိုက်ငေးကြည့်နေရင်းက ကျွန်တော်နှင့် ဘေးချင်းယှဉ်လျက် လမ်းလျှောက်နေသော JinHyuk ထံ အကြည့်ရောက်သွားသောအခါ..
သည်လို လမ်းပေါ်မှာ အေးအေးဆေးဆေး လမ်းလျှောက်ထွက်နေနိုင်အောင် ခေါ်လာပေးသည့် JinHyuk ကို ကျွန်တော် ကျေးဇူးတင်ချင်သော်လည်း~
"ကျွန်တော့်ကို ဒီလိုခေါ်လာတာ ခင်ဗျားအဆင်ပြေပါ့မလား?"
ကျွန်တော့်ကို ငေးစိုက်ကြည့်မိရုံမျှဖြင့် JinHyuk ၏ ပေါင်တစ်ဖက်ဆီ ကျည်ဆံတစ်တောင့် ပစ်သွင်းခဲ့သည့် သူဟာ...
အိမ်ကြီး၏ အပြင်ဘက်ကို ထွက်ဖို့မဆိုထားနှင့်.. အိမ်ထဲက မည်သူနှင့်မျှ စကားပြောခွင့်မရှိသည့် ကျွန်တော့်ကို အဖော်ပြုစကားပြောပေးသည့်ပြင်၊ သည်လို ခေါ်လာခဲ့သည်ကို သိသွားခဲ့လျှင် သူ မည်သို့ပြုမူမည်နည်း။
သို့သော်လည်း ကျွန်တော့်ကြောင့် JinHyuk ကို သူ အန္တရာယ်ပြုရလောက်သည်အထိ ကျွန်တော်ဟာ သူ့အတွက် အရေးပါသည့် လူသားတစ်ယောက်ရော ဟုတ်ပါ့မလား..

ESTÁS LEYENDO
♕JOKER & HARLEY{Season-I}♕
Fanfic*Madness, as you know, is like gravity. All it takes is a little push.* •~ Psychiatric Torture ~•