Unicode (Zawgyi below)
Jaehyun 's POV
နှိုးစက်နာရီ ၃လုံးဘေးမှာချပြီး အိပ်ပျော်နေတဲ့ ကောင်လေးတစ်ယောက်အတွက်တော့ မိုးမမြင်လေမြမြင်နဲ့အိပ်မက်နေမယ်ဆိုတာအိပ်နေတဲ့သူ့ကိုကြည့်တာနဲ့သိတယ်
နှိုးစက်နာရီ ၃လုံး ဟာသူ့တို့ရဲ့ လှုပ်ဆောင်မှုကိုတပြိုင်တည်းမပျက်မကွက်လုပ်ဆောင်ချိန်မှာတော့
⏰⏰⏰⏰⏰⏰⏱⏱⏱⏱🕰🕰🕰🕰🕰
အိပ်မက်ကမထွက်လာနိုင်လောက်အောင်အိပ်မောကျနေတဲ့စောနကကောင်လေးတစ်ယောက်အမြန်နိုးလာပြီး ခေါင်းရင်းကနာရီကိုအမြန်ပိတ်လိုက်တယ်။
ဆက်မြည်နေတဲ့ ခြေရင်းကနာရီကိုခြေထောက်နဲ့ဆွဲယူပြီးထပ်ပိတ်လိုက်တယ်။
ကုတင်အောက်က နှိုူးစက်နာရီကိုလည်း လျစ်လျူရှုထားလို့မရတာကြောင့်အဆက်မပြတ်မြည်နေတဲ့ သံပတ်ခလုတ်ကိုကုတင်အောက်ကနေကုန်းကောက်ပြီးပိတ်လိုက်တယ်။
ကျယ်လောင်စွာမြည်နေတဲ့ နှိုးစက်နာရီ ၃လုံးကိုတစ်လှည့်ဆီပိတ်ပြီးတဲ့နောက်မှာတော့ ကျနော်သိလိုက်ရတာကဒီနေ့ဟာ ၂၆ရက်နေ့။
ကုတင်နဲ့မျက်နှာချင်းဆိုင်မှာကပ်ထားတဲ့ ပြက္ခဒိန်မှာ ထင်းနေအောင် အနီရောင်မင်နဲ့အဝိုင်းခံထားရတဲ့ ၂၆ ရက်နေ့ကိုရုတ်တရက်တွေ့လိုက်ရတဲ့အချိန်မှာ ကျနော့်ခေါင်းထဲကိုသံရည်ပူတွေလောင်းထည့်ထားသလိုပူလောင်သွားတယ်
ကျနော့်ခန္ဓာကိုယ်ကို စပါးကြီးမြွေတစ်ကောင်လိုရစ်ပတ်ထားတဲ့ ဂွမ်းစောင်အဖြူရောင်ကြီးကိုထဲကနေအမြန်ရုန်းထွက်လိုက်ပြီးနောက်
"ဟုတ်တယ် ဒီနေ့ ၂၆ ရက်နေမို့လို့ငါဒီလောက် နှိုးစက်တွေအပြည့်ပေးထားခဲ့တာ"
ကျနော့်ကိုယ့်ကိုကိုယ်ရေရွတ်လိုက်ပြီးကပြာကယာကုတင်ပေါ်ကနေဆင်းလိုက်မိတယ်
"ဒုန်း"
"အားးးးးးး တေ တေပါပြီ နာလိုက်တာ "
ကုတင်ကဆင်းဆင်းချင်းဖင်ထိုင်လျက်ချောလဲတာဟာ ကျနော့်ရဲ့မနက်ခင်းတိုင်းလိုလိုဆိုပေမယ့် ဒီနေ့မှထပ်ချော်လဲရလေသလားလို့ကိုယ့်ဘာသာအပြစ်တင်မိတယ် ဘိလိယက်ဘောလုံးကိုတက်နင်းမိလို့ချော်လဲသွားတာကြောင့် အဲ့ဘိလိယက်ဘောလုံးကို ကျနော်အမြင်ကပ်ကပ်နဲ့ခြေထောက်နဲ့တခြားဘက်ရောက်သွားအောင်ကန်လိုက်တယ်။
YOU ARE READING
Fan Boy Is Just A Fan Boy
FanficThis fic is written in both UNICODE and ZAWGYI versions of Burmese language. Unicode Fan boy တစ်ယောက်ရဲ့ feel နဲ့ကြီးမားတဲ့အချစ်အကြောင်းပုံဖော်ထားတဲ့ Jaeyong fic လေးပါ By Mhuu Zawgyi Fan Boy တယောက်ရဲ့ feel နဲ့ ကြီးမားတဲ့အချစ်စစ်အကြောင်းကိုပုံဖော်ထ...