Unicode (Zawgyi below)
Taeyong's POV
"ဘာာာ? Taeyong မင်းတကယ်ရူးသွားတာလား? ဒါမှမဟုတ်စိတ်သာယာမှုကိုပဲဦးစားပေးလိုက်တာလား"
ကျနော့်ကို Do Young ကပြောလာတော့ကျနော် ဘာမှပြန်မပြောမိ
"ငါဒီနေ့ပင်ပန်းနေလို့သွားနားလိုက်ဦးမယ်"
"Taeyong မင်းဒီလိုလမ်းကြောင်းလွှဲလိုက်ရုံနဲ့ပြီးသွားမယ့်ကိစ္စလို့ထင်နေလား အခုတော့ဟုတ်သေးတယ် နောက်ပိုင်းတွေမှာ မင်းလူပုံအလယ်မှာခေါင်းမဖော်ဝံ့အောင်မင်းဘဝပျက်စီးသွားလိမ့်မယ်"
"ငါမသိတော့ဘူး ငါသိတာက..."
"မင်းသိတာကဘာလဲ အဲ့ကောင်ကိုပဲသိတော့တာလား"
"Do Young မင်း ကျေးဇူးပြုပြီးငါ့ကိုအပြစ်မတင်ဘဲငါ့ခံစားချက်ကိုနားလည်ပေးရင်ကောင်းမှာပဲ"
"နားလည်ဆိုနားလည်ပေးလိုက်လို့ရတယ် ဒါပေမယ့် public ကသိသွားရင် သူတို့ကမင်းကိုနားလည်ပေးမှာလားဆိုတာမင်းစဉ်းစားတတ်ရမယ်လေ မင်းလည်းခံစားချက်ကိုဦးစားပေးရမယ့် နုနယ်တဲ့အရွယ်မဟုတ်ဘူး နောက်ပြီး အခုကိစ္စကဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စ"
"တော်ပါတော့ Do young hyung ရာ Taeyong hyung လည်းသူ့ဘာသာထိန်းကျောင်းနိုင်တဲ့အရွယ်ရောက်နေပါပြီ hyung အရမ်းပြောမှ မဖြစ်သင့်တဲ့စိတ်ခံစားချက်တွေနဲ့ပြဿနာတွေဖြစ်လာပါဦးမယ်"
ကျနော့်ဘေးက HaeChan ကဝင်တားရှာတယ်
"Do Young!"
HaeChan ဝင်တားလို့ငြိမ်သွားတဲ့ Do Young ကိုကျနော်ပြန်ခေါ်လိုက်တယ်
"ငါသူ့ကိုမထင်မှတ်ဘဲချစ်မိသွားခဲ့တယ်။ ဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စ ဒါလုံးဝမဖြစ်နိုင်တဲ့ကိစ္စဆိုတာသိလျက်နဲ့ကိုငါရှေ့တိုးလိုက်မိတယ် အကယ်၍ ဒီကိစ္စ fan တွေသိသွားရင်တောင် ငါ အဖွဲ့ထဲကထွက်မယ် သူနဲ့ငါ...."
"Taeyongggg!!!" ( shout)
ကျနော့်စကားမဆုံးသေးခင်မှာပင် Do Young ကကျနော့်နာမည်ကိုအကျယ်ကြီးခေါ်လိုက်ပြီး ကျနော့်အကျီစကိုလက်သီးတို့နဲ့ဆုပ်ဆွဲပြီးကိုင်လာတယ်
"ငါမတားဘူး Taeyong မင်းရဲ့ခံစားချက် မင်းနှလုံးသားကိစ္စတွေကို ငါမပိုင်တာမို့ငါမတားဘူး ဒါပေမယ့် မင်းရဲ့အသိဉာဏ်လေးကိုတော့ ကျပ်ပြည့်စေချင်တယ်" ( shout)
![](https://img.wattpad.com/cover/88374243-288-k908945.jpg)
YOU ARE READING
Fan Boy Is Just A Fan Boy
Fiksi PenggemarThis fic is written in both UNICODE and ZAWGYI versions of Burmese language. Unicode Fan boy တစ်ယောက်ရဲ့ feel နဲ့ကြီးမားတဲ့အချစ်အကြောင်းပုံဖော်ထားတဲ့ Jaeyong fic လေးပါ By Mhuu Zawgyi Fan Boy တယောက်ရဲ့ feel နဲ့ ကြီးမားတဲ့အချစ်စစ်အကြောင်းကိုပုံဖော်ထ...