Unicode (Zawgyi below)
Jaehyun 's POV
ကျနော်အိပ်ရာထတာ ၅နာရီ
အခုမနက် ၆ခွဲ ပြီ
Fan sign ကမနက်၉နာရီ
၂နာရီခွဲလောက်ကျန်သေးတဲ့အချိန်ကိုတောင် ကျနော်သောသေးတယ်လို့မထင်မိ။
လက်ထဲမှာကိုင်ထားတဲ့အသားရောင်ဝက်ဝံရုပ်လေးကိုတစ်ချက်ကြည့်လိုက်ပြီး ဒီအရုပ်လေးကိုသာ Taeyong လက်ခံခဲ့မယ်ဆိုရင်ကျေနပ်ပြီဆိုတဲ့အတွေးကကျနော့်ကိုစိတ်ပူစေသလိုပျော်လည်းပျော်ခဲ့တယ်။ မနက်လေအေးကကျနော့်မျက်နှာကိုလာရိုက်ခတ်နေလို့ပိုအေးနေသလိုလိုထင်ရတယ်။ အမှန်တော့ ကျနော်ဟာအအေးမခံနိုင်တဲ့သူမဟူတ်တာကြောင့်မနက်တိုင်းကျောင်းသွားရင်တောင်အပေါ်ရုံအကျိၤဝတ်ဖို့မလို။ ဒီနေ့မှာရင်တွေခုန်ပြီး တကိုယ်လုံးအေးစက်နေသလိုခံစားနေရတယ်။
လေအေးနဲ့အတူမနက်၆နာရီကျော်မို့လို့ မဖွင့်တဖွင့်ဆိုင်တချို့ကိုတရိပ်ရိပ်နဲ့ဖြတ်လျှောက်လာခဲ့တယ်။
Close ဆိုတဲ့ဆိုင်းဘုတ်သေးလေးကို မှန်သားနဲ့လုပ်ထားတဲ့ဆိုင်ရှေ့တံခါးမှာချိတ်ထားတဲ့ ကျနော်အချိန်ပိုင်းအလုပ်လုပ်နေကျဆိုင်လေးကိုတစ်ဖက်ကမ်းကနေလှမ်းမြင်လိုက်တယ်။ အစိမ်းနဲ့အဝါအစင်းကြားအမိုးလေးကိုဆိုင်ရှေ့ထုတ်မိုးထားတဲ့ Sense Pizza ဆိုင်ဟာတိတ်ဆိတ်နေလေရဲ့။ အဲ့Pizza ဆိုင်မှာ ညနေဆိုင်း အနေနဲ့အချိန်ပိုင်းအလုပ်ဝင်လုပ်တာ ၅လလောက်ရှိပြီ။
စင်ကာပူမှာ တရုတ်စကားကိုအဓိကထားပြီးပြောဆိုကြတာမို့လို့ကျနော့်လို တရုတ်စကားနည်းနည်းပဲတတ်တဲ့သူအတွက်တော့ waiter လုပ်ရတာအခက်အခဲလေးတော့ရှိတယ်။ ဒါပေမယ့် ဆိုင်အတွင်းသုံးနေကျတရုတ်စကားနဲ့ ဧည့်သည်တွေပြောတတ်တဲ့တရုတ်စကားတွေကိုရေရေလည်လည်နားလည်အောင်ကျက်မှတ်ထားလို့အခုလို၅လလောက်ကြာလာတော့အတော်လေးကိုအဆင်ပြေလာတယ်။
အမှန်ဆို ဂျပန်မှာ ကျောင်းနေတုန်းကပညာရေးအခြေအနေအသင့်တင့်ပဲရှိတဲ့ကျနော့်လိုကျောင်းသားဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာလည်း အဖေအမေ မျှော်မှန်းထားသလိုဖြစ်မလာခဲ့တာမထုးဆန်း။ ဒါ့ကြောင့်လည်းမွေးရပ်မြေ ဂျပန်ကနေ စင်ကာပူကိုကျောင်းတက်ဖို့ကိစ္စနဲ့လွင့်လာခဲ့တာ။ စင်ကာပူ ဆိုတာကျနော့်အတွက်တော့ကျောင်းတက်ပြီးစာကြိုးစားရမယ့်နေရာချည်းသင်သက်။ ကျောင်းစရိတ်အတွက် အဖေ အမေကဂျပန်ကနေထောက်ပံ့တဲ့အပြင် စားဝတ်နေရေးစရိတ်ပါအပိုသက်သက်ထပ်ပေးသေးတယ်။ အချိန်ပိုင်းအလုပ်လုပ်ဖို့ဆိုတာလုံးဝစိတ်ကူးမရှိခဲ့သလို လုပ်ဖို့လည်းမလိုခဲ့ဘူးလေ။
YOU ARE READING
Fan Boy Is Just A Fan Boy
FanfictionThis fic is written in both UNICODE and ZAWGYI versions of Burmese language. Unicode Fan boy တစ်ယောက်ရဲ့ feel နဲ့ကြီးမားတဲ့အချစ်အကြောင်းပုံဖော်ထားတဲ့ Jaeyong fic လေးပါ By Mhuu Zawgyi Fan Boy တယောက်ရဲ့ feel နဲ့ ကြီးမားတဲ့အချစ်စစ်အကြောင်းကိုပုံဖော်ထ...