Unicode (Zawgyi below)
Jaehyun 's POV
"မင်းလို အနုပညာလည်းဝါသနာမပါ idol လည်းမဖြသ်ချက်တဲ့သူကဝင်ပြိုင်မလို့ဆိုတော့ထူးဆန်းလို့ပါကွာ ငါလိုနှစ်ပေါင်းများစွာကျင့်ထားတဲ့သူတောင် JYP မှာဝင်ပြိုင်တာ ၃ ခါမြောက်မှအရွေးခံရတာနော် ဟေ့ကောင် မင်းကြုတ်ကျတ်လိ"
"ငါတတ်နိုင်သလောက်အစွမ်းကုန်ကြိုးစားမယ်ကွာ"
"ပြောတာပဲ နောက်မှ အမလေးးး တော်ပါပြီ မလုပ်နဲ့"
"အေးပါ ငါဒီညနေကျောင်းဆင်းတာနဲ့မင်းနဲ့လိုက်ခဲ့မယ်"
Taecyeon ရဲ့စကားကြောင့်ကျနော်နည်းနည်းတော့စိတ်ထင့်သွားတယ်
သူ့လိုလူတောင် ၃ ခေါက်ပြိုင်ရတယ်
ကျနော်သာဆိုရင်ရော????
ဒီနေ့က ၈ ရက်နေ့
Audition gp လာမယ့်ရက်က ၂၉
၂၀ ရက်လောက်သာလိုတော့တဲ့ဒီ audition ကိုဘာပြင်ဆင်မှု ဘာအရည်အချင်းမှမရှိဘဲ ကျနော်ဝင်ပြိုင်ဖို့ဆုံးဖြတ်လိုက်ပြီလား???
Taecyeon ရဲ့ vocal ကတကယ်ကိုမချီးကျူးဘဲမနေနိုင်လောက်အောင် ကောင်းလွန်းတယ်။
normal tone နဲ့တင်ကို Taecyeon လိပ်ခေါင်းထွက်မတတ်ကျနော့်ကိုသင်ပေးရတယ်။ ကျနော်ကလည်းပထမဆုံးအစဆိုတော့ Normal tone ကိုတောင်မနည်းအသံလိုက်ထဃက်နေရတယ်။ ကျနော့်အတွက်အသံဆိုတာဘုရားကစကားပြောဖို့ပဲပေးခဲ့သလားပဲ?
Normal tone ကိုနေ့မအိပ်ညမအိပ်လေ့ကျင့်ပြီးတော့ main vocal အဆင့်ပေါ့လေ ။ အော်ပေတော့။ Taecyeon အော်တာကသီချင်းစာသားကိုအော်နေမှန်းသိပေမယ့် ကျနော်အော်တာကဘယ်သူ့ကိုဒေါသထွက်လို့အော်လို့အော်နေမှန်းမသိတဲ့အသံ။ Taecyeon လည်းအသံတွေနာနေပြီ။ ကျနော်လည်းမျက်နှာတွေနီနေပြီ။ အခုမှပဲ idol တစ်ယောက်ရဲ့အလုပ်ကဘယ်လောက်လေးမက်သလဲဆိုတာသိရတယ်။ Main vocal တွေလိုလှလှပပအသံလေးဖြစ်အောင်အော်လိုက်ရတာ ၄ရက်။
lowest tone????
ပထမတော့ အသံခပ်သိမ်သိမ်နဲ့ဆိုတာကိုငါလုပ်နိုင်ပါတယ်လို့အထင်ကြီးခဲ့သော်လည်း လက်တွေ့မှာ idol တွေလိုလှတပတ အသံသိမ်သိမ်လေးတွေမရဘဲ အသံဝင်နေတာလား အသွပျောက်ခါနီးနေတာလားမသဲကွဲတဲ့အသံပဲထွက်ထွက်လာတယ်။ Taecyeon လည်းကျနော့်လိုတပည့်ကို ဘာမပြောညာမပြောနဲ့ပိုင်ဆိုင်လိုက်ရလို့ ငရဲပြည်ကိုချက်ချင်းရောက်သွားသလိုခံစားရမှာ
YOU ARE READING
Fan Boy Is Just A Fan Boy
Hayran KurguThis fic is written in both UNICODE and ZAWGYI versions of Burmese language. Unicode Fan boy တစ်ယောက်ရဲ့ feel နဲ့ကြီးမားတဲ့အချစ်အကြောင်းပုံဖော်ထားတဲ့ Jaeyong fic လေးပါ By Mhuu Zawgyi Fan Boy တယောက်ရဲ့ feel နဲ့ ကြီးမားတဲ့အချစ်စစ်အကြောင်းကိုပုံဖော်ထ...