Unicode (Zawgyi below)
Jaehyun's POV
"Nae?????"
အိပ်နေရင်းဝင်လာတဲ့ဖုန်းကိုကိုင်လိုက်တော့မှ အကြီးကြီးမျက်လုံးပြူးတာ
"ဟုတ်ကဲ့ ဟုတ်ကဲ့"
ဆိုဖာပေါ်ကနေပလူးပလဲအမြန်ထ
SM ရဲ့အပေါ်ထပ်ကို အမြန်တက်ပြေးတော့ တော်သေးတယ်
ဟိုကလေးတွေက အဆင်သင့်ဖြစ်နေကြပြီ ကျနော်တစ်ယောက်တည်းပင်ပန်းလွန်းလို့အိပ်ပျော်သွားတာ Dream ကလေးတွေက ဒီနေ့ M countdown သွားရမယ်ဆိုတာကိုကျနော်မေ့နေတာ
သတိတော့ရပါတယ်
အိပ်ပျော်သွားတော့မေ့သွားတာပါ
တော်သေးတာပေါ့ ဖုန်းဝင်လာလို့
"လာ လာ ကလေးတွေ အမြန်သွားရအောင်"
ကျနော်ကသာအလောသုံးဆယ်ရိုက်နေတာ သူတို့လေးတွေက slow motion လေးတွေနဲ့တော့။ ၇ယောက်လုံးကိုကားထဲအတင်းဆွဲသွင်းပြီး driver ကိူအမြန်မောင်းခိုင်းရတယ် ။မသိရင် ကလေးတစ်သိုက်ကိုပြန်ပေးဆွဲသွားတာကျနေတာပဲ။
Mnet building ရှေ့လည်းရောက်ရော အော်သံတွေကြွက်ကြွက်ညံ ကလေးတွေမထိခိုက်အောင် ဘေးကနေ ကာပေးထားရသေးတယ်။ ၇ယောက်ထဲက တစ်ယောက်သာလှမ်းဆွဲပြီးလုသွားရင်တော့ရင်ကျိုးရချည်ရဲ့။ကျနော်လည်းအလုပ်ပြုတ်မှာလေ ။ ဒါပေမယ့် ကျနော်ရှိရင် ဒီကလေးတွေကိုထိလို့တောင်မရပါဘူး။ fan တွေလည်းကြာရင်ကျနော့်ကို eye cross ဖြစ်တော့မှာ။ မသိဘူး မသိဘူး ကျနော်ခံစားနေရတာတွေဘယ်သူမှမသိဘူး
Building ထဲဝင်တော့မှရင်ထဲက ဘယ်သူများဆွဲလုသွားမလဲဆိုတဲ့အပူလုံးကြီးကကျသွားတာ
ဒီလို ဒီလိုနဲ့ ပြီးဆုံးရသောတစ်နေ့....
ကလေးတွေကို dorm ပြန်ပို့
ကျနော်ကတော့ SM မှာလုပ်စရာလေးတွေရှိသေးလို့ SM building ဆီပြန်ရတာပေါ့
ညနေ ၆ နာရီကျော်လောက်
တိတ်ဆိတ်စပြုနေပြီဖြစ်တဲ့ SM building ထဲမှာဖြစ်တာကြောင့် အလုပ်ကိုအမြန်လက်စသတ်ပြီး အဆောင်ပြန်ဖို့ အောက်ထပ်ကိုဆင်းလာလိုက်တယ်
YOU ARE READING
Fan Boy Is Just A Fan Boy
Hayran KurguThis fic is written in both UNICODE and ZAWGYI versions of Burmese language. Unicode Fan boy တစ်ယောက်ရဲ့ feel နဲ့ကြီးမားတဲ့အချစ်အကြောင်းပုံဖော်ထားတဲ့ Jaeyong fic လေးပါ By Mhuu Zawgyi Fan Boy တယောက်ရဲ့ feel နဲ့ ကြီးမားတဲ့အချစ်စစ်အကြောင်းကိုပုံဖော်ထ...