" S**t .. လူတစ်ယောက်လုံးတောင် မမြင်ဘူးလားဟာ .. "
" Oops .. Sry .. Sry ပါဗျာ .. နောက်ကျနေတာနဲ့ သတိမ
ထားလိုက်မိတာ .. "Suho အိမ်ကညစ်လာခဲ့သမျှကို ထိုကောင်လေးဆီ ပုံချလိုက်
ပေမဲ့ သူက ရိုရိုကျိုးကျိုး ပြန်တောင်းပန်နေတာမို့ ကိုယ့်မှာ
စိတ်က မသိုးမသန့် .." sry ကွာ .. လမ်းမှာ နည်းနည်းစိတ်တိုလာတာနဲ့ အော်မိ
သွားတယ် .. မင်းကရော --- က ကျောင်းသားလား ? "သူ့ပုံစံလေးက ကျောပိုးအိတ်လေးကို တစ်ဖက်သာလွယ်
ထားကာ ပုံစံလေးက ပေါ့ပေါ့ပါးပါးမို့ မေးလိုက်မိခြင်းရယ်
ပါ .. နဂိုတည်းက အဖွဲ့ကျလွယ်တတ်တဲ့အကျင့်ကြောင့် လူ
တစ်ယောက်ကို စမိတ်ဆက်ရမှာမျိုး ဝန်လေးတာမျိုး တစ်ခါ
မှမရှိခဲ့ .." ဟုတ် .. ဟုတ်ကဲ့ .. L5 Tourism Part 2 တက်မှာ .. ဒီက
အစ်မကရော .. "" တူတူပဲ .. သူငယ်ချင်းလုပ်ရအောင် .. ငါ့သူငယ်ချင်းတွေ
အကုန်လုံးက Lvl 6 ရောက်သွားပြီ .. ငါသာ ဝေလေလေ
လုပ်နေတာနဲ့ ကျန်ခဲ့တာ .. အဟီးးး .. ငါ့နာမည် Kim Suho
ပါ .. မင်းကရော .. "" Zhang Yi Xing ပါ .. Lay လို့လည်း ခေါ်လို့ရပါတယ် ..
ကျနော့်အသက် 20 ပါ .. "" အဲ့ဒါဆို ကိုယ်က မင်းထက် တစ်နှစ်ကြီးများတောင် ကြီး
တယ် .. ကိုယ်က 21 .. "ပြောနေရင်းမှ ဓာတ်လှေကားက တောင်ခနဲမြည်ကာ ပွင့်
သွားတာမို့ အထဲဝင်ခဲ့လိုက်ကြရင်း သင်တန်းဆီသာ ဦးတည်
မိတော့သည် .. စာမေးပွဲဖြေပြီး နှစ်ပတ်လောက်ပိတ်ထား
တာကြောင့် သင်တန်းထဲဝင်ဝင်ချင်း သူမအကျင့်အတိုင်း
အကုန်လုံးကို ဖော်ဖော်ရွေရွေ နှုတ်ဆက်မိသည် .. သူမတို့
သင်တန်းက ဝင်ဝင်ချင်း reception သဘောမျိုးဖြစ်ကာ ထို
နောက်မှာမှ စာသင်ခန်းတွေကို room no. နဲ့ ခွဲထားခြင်းဖြစ်
သည် .. ကွန်ဒိုအခန်းကျယ်ကို နှစ်ခန်းဆက်ထားတာမို့
အတော်အသင့်ကျယ်ဝန်းကာ စာသင်ခန်းတွေက သေသပ်
သည် .. Attendence ကို အခန်း အဝင်အဝမှာ finger print
နဲ့ထားပေးထားတာကြောင့် သင်တန်းလစ်လို့မရတာကို
တော့ သူမ သဘောမတွေ့ .. ဒါကိုလည်း သူမက ဂရုမစိုက်
ပါ .. သူမ သွားစရာရှိပြီဆို break time ဆိုလျှင် ခိုးထွက်
လိုက်တာပင် .. သင်တန်းဖြစ်တာမို့ တစ်ဝက်ပဲတက်ပြီး ပြန်
သွားလည်း တော်ရုံမပြောကြ .." Suho .. နင် အိမ်မှာ မစားရ မသောက်ရဘူးလား ? ဒီကို
ရောက်မှ စားရ သောက်ရရှာတာလား ပုစိရယ် ? "" ခလိန်းကို အဲ့လိုမပြောပါနက် .. ခလိန်း အစောကြီးထလာ
ရတာ .. ဘာမှမစားခဲ့ရပု .. ခလိန်းကို တစ်ခုခုမှာပေးကြပါ
လားဟင် ? နော် .. "သူ ပတ်ချွဲ နှပ်ချွဲလုပ်နေတာကို ဟိုကောင်လေးက ပါးစပ်
အဟောင်းသားဖြင့် ငေးကြည့်နေလေသည် .. သူလည်း အဲ့
တော့မှ ကိုယ်ရှိန်သတ်လိုက်ရင်း .." Lay yah .. နင်ရော ဘာစားခဲ့လဲ ? မစားရသေးရင် တစ်
ခုခုမှာလေ .. ဒါမှမဟုတ် ဒါလေးတွေ စားမလား ? "သူမလက်ထဲက မုန့်သေးသေးလေးတွေကို သူ့ရှေ့ထိုးပေး
ရင်း မေးလာသော ထိုမမကို သူ သဘောကျမိတာအမှန် ..
အခုချိန်ထိ သူတွေ့ဖူးတဲ့မိန်းကလေးတွေအကုန်လုံးက သူ့
ရှေ့ရောက်ရင် ပဲတစ်ပိသာလောက်များပြနေတာကို သူက
သဘောမကျပါ .. ဒီအစ်မကတော့ ပွင့်လင်းတယ်ပြောရမ
လား ? သူ့ပင်ကိုယ်စရိုက်အတိုင်း ပွင့်ပွင့်လင်းလင်း ဆက်ဆံ
တတ်တာ ပေါ်လွင်လှသည် .." Susan noona .. ကျနော့်ကိုလည်း တစ်ခုခုမှာပေးပါ ..
အာာာ !! ကြာကျမ်မြောင် .. ဟုတ်တယ် .. အဲ့ဒါမှာပေးပါ
နော် .. "" ခါတိုင်းလိုပဲလား တရုတ်လေး .. "
" တ ရုတ် လေး !! နင်က တရုတ်လား ? "
" ကျနော့်အဖေက ကိုရီးယားပါ .. မာမားက တရုတ်လေ ..
Appa အလုပ်က ဒီမှာရှိတာနဲ့ ကျနော်တို့က ဒီကို ခဏလာ
နေတာ .. မာမားကလည်း ဟိုမှာ အလုပ်တွေနဲ့ဆိုတော့ မ
အားဘူးလေ .. ဟိုနဲ့ ဒီကို သွားလိုက် ပြန်လိုက်ပဲ .. "" အောာာ် !! ဘာပဲပြောပြော နင့်အသံဝဲဝဲလေးကို ငါ
သဘောကျတယ် .. ဟီးးးးး .. ငါတို့ သူငယ်ချင်းတွေ ဖြစ်သွား
ကြပြီနော် .. "သူ ခေါင်းညိတ်ပြလိုက်ရင်း အပြုံးတစ်ပွင့်ပါ အဆစ်ထည့်
ပေးလိုက်သည် ..ထိုနေ့က ပထမဆုံးနေ့မှာတောင် ထောင့်ကပ်ပြီး ရအောင်
ငိုက်တဲ့ Suho noona ကိုကြည့်ရင်း သူ ပြုံးမိတာ ဘယ်နှခါ
မှန်းတောင် သတိမထားမိခဲ့ပါလေ .. Breake time ပေး
တော့ မှာထားတဲ့မနက်စာကို အူယားဖားယားပြေးစားပြီး ပို
တဲ့အချိန်လေးကို မှောက်အိပ်နေတဲ့ noona ဟာ သိပ်ချစ်ဖို့
ကောင်းနေခဲ့ပါသည် .. လူဆိုတာ ဟန်ဆောင်မှုကင်းရင် ချစ်
ဖို့ကောင်းနေတတ်စမြဲပဲမလားး ?--------------------------------------
မနေနိုင် မထိုင်နိုင် တင်မိပြန်ပြီ .. ဖတ်မဲ့သူမရှိလည်း တင်ပါ့
မယ်လို့ .. ဒါလေးက ဆယ်ပိုင်းအများဆုံးပါပဲ .. Ending ကို
တော့ စဉ်းစားနေတုန်းပါ .. ပုံမှန် ဇာတ်သိမ်းနေကျပုံစံလေး
နဲ့မတူအောင် ကြိုးစားပြီး ရေးမှာပါလို့ .. ကျနော့် မြောင်ရှင်း
လေးကို ဝန်းရံပေးကြပါအူး .. တောင်းဆိုပါတယ် ..
YOU ARE READING
ပျော်စေချင်သည် မောင့်မဟေသီ
Fanficအိမ်နဲ့အဆင်မပြေပဲ ခပ်ပျော်ပျော်နေတတ်တဲ့ Kim Suho .. သူမရဲ့ဝမ်းနည်းမှုတွေကို အတတ်နိုင်ဆုံး ဖုံးဖိကာ ခပ်ပျော်ပျော်နေတတ်သူလေး .. သူမခံစားချက်တွေကို ဘယ်သူမှ နားလည်မပေးနိုင်ယူဆကာ အရင်းနှီးဆုံး သူငယ်ချင်းတွေကိုတောင်မှ လုံးစုံပတ်စေ့ ပြောမပြတတ်သူ .. သူမခံစား...