" အဲ့တော့ ho က ကလေးမွေးစက်လိုမျိုး တစ်နှစ်
တစ်ယောက်နှုန်းနဲ့မွေးပေးရမယ်ပေါ့ .. ဟုတ်လား ??
ma ကိုတော့အားနာပေမဲ့ ho ရည်မှန်းချက်တွေမ
ပြည့်မချင်း ကလေးမယူနိုင်ဘူး ma .. အလုပ်တစ်
ဖက်နဲ့ ကလေးကို အပြည့်အဝမစောင့်ရှောက်နိုင်ပဲ
ကလေးထိန်းနဲ့ပဲပစ်ထား .. ညဘက်လေးကျမှ
အပြေးအလွှားချစ် .. အဲ့လိုဘဝမျိုး မလိုချင်လို့ပါ ..
ho ကို ခွင့်ပြုပါဦး .. "ထိုကဲ့သို့ ခပ်ပြတ်ပြတ်ပြောကာ ထထွက်သွားတဲ့
မ' နောက် ပြေးလိုက်သွားချင်ပေမဲ့ ma နဲ့ pa ကို
အားနာတာမို့ သူ ဆက်ထိုင်နေခဲ့ရတယ် .." ho လေး စိတ်ဆိုးမယ်ဆိုပေမဲ့ ma တို့လည်း
အသက်ကြီးပြီ .. မြေးချီချင်ပြီ .. မင်းတို့တွေ ကလေး
မထိန်းနိုင်ရင် ma တို့ကို လာပေးထားလို့ရတာပဲ ..
ma တို့ရော ခမည်းခမက်တို့ရော ရှိနေတာပဲ .. ဒီလို
မျိုး အရာရာအဆင်သင့်ကိုတောင် မလုပ်နိုင်ဘူးဆို
ရင်တော့ ma တို့အလွန်မဟုတ်တော့ဘူးလေ .. "" ma ပြောတာလည်း နားလည်ပါတယ် .. ဒါပေမဲ့
jie က မိဘမေတ္တာအပြည့်အဝမရပဲ ကြီးပြင်းလာရ
တဲ့သူမို့ သူမွေးလာမဲ့သွေးသားတွေကို မိခင်မေတ္တာ
အပြည့်အဝမပေးနိုင်မှာ သူ သိပ်စိုးရိမ်နေခဲ့တာ ..
အခုလိုမျိုး နှစ်ဖက်မိဘတွေက ကလေးယူဖို့ဖိအား
ပေးတဲ့အချိန်တိုင်း သူငိုရတာတွေကိုလည်း ကျနော်
မကြည့်ရက်တော့တာမို့ နောက်ထပ်ဖိအားမပေးရင်
ကောင်းမှာပဲ ma ရယ် .. ကျနော့်ကို ခွင့်ပြုပါဦးး .. "ပြောပြီးပြီးချင်း ခြေလှမ်းတွေက ကားပါကင်ဆီသို့ ..
ဘယ်လောက်တောင် မွန်းကြပ်နေလိုက်မလဲ ? မိဘ
တွေကလည်း မြေးလိုချင်တယ်ဆိုပေမဲ့ သူတို့ဘက်က
အဆင်သင့်မဖြစ်သေးပဲ အပြစ်မရှိတဲ့ကလေးလေးကို
လူ့လောကထဲ ဆွဲမသွင်းချင်ပါ .. သူတို့ဘက်က မွေး
လာမဲ့ကလေးကို မိဘမေတ္တာတွေနဲ့အုပ်မိုးပေးနိုင်တဲ့
အချိန်မှသာ ကလေးယူမယ်လို့ သူတို့နှစ်ယောက်လုံး
ဆုံးဖြတ်ထားခဲ့ကြပေမဲ့ ကလေးယူဖို့ပြောတိုင်း ဖိအား
အပေးခံရဆုံးက jargi မို့ သူ့မှာ သနားလည်းသနား
သလို အားလည်းနာမိပါရဲ့ .." jargi .. အဆင်ပြေရဲ့လားး .. ဒီနေ့ဖြစ်ခဲ့တာတွေ
အကုန် စိတ်ထဲမထားနဲ့တော့နော် .. မောင့်ကိုယုံ ..
jargi ရော ကိုယ်ရောက အိပ်မက်တွေအကောင်
ထည်ဖော်နေတုန်းမို့ အဆင်သင့်မဖြစ်သေးတာကို
ma တို့နားလည်အောင် မောင်ပြောပြခဲ့တယ် .. စိတ်
အေးအေးထားနော် .. "
YOU ARE READING
ပျော်စေချင်သည် မောင့်မဟေသီ
Фанфикအိမ်နဲ့အဆင်မပြေပဲ ခပ်ပျော်ပျော်နေတတ်တဲ့ Kim Suho .. သူမရဲ့ဝမ်းနည်းမှုတွေကို အတတ်နိုင်ဆုံး ဖုံးဖိကာ ခပ်ပျော်ပျော်နေတတ်သူလေး .. သူမခံစားချက်တွေကို ဘယ်သူမှ နားလည်မပေးနိုင်ယူဆကာ အရင်းနှီးဆုံး သူငယ်ချင်းတွေကိုတောင်မှ လုံးစုံပတ်စေ့ ပြောမပြတတ်သူ .. သူမခံစား...