သူမအပြုံးတွေ အလှဆုံးပွင့်ဖူးခဲ့သောနေ့ !!
သူ့အပြုံးတွေမြစ်ဖျားခံရာ ကျမအပြုံးတွေ ထိုနေ့က
အစွမ်းကုန်တောက်ပနေခဲ့ပါလိမ့်မည် .." jie !! ပင်ပန်းနေပြီလားး ? မျက်နှာလေးတောင် နွမ်း
နေသလိုပဲ .. "" arnyi !! xing ရော .. ပင်ပန်းနေပြီလားး ?? "
အမှန်တကယ်တော့ သူမ မလှုပ်ချင် မပြုချင်တော့
လောက်အောင်ကို ပင်ပန်းနေသော်ငြား သူမမျက်လုံး
တွေထဲစိုက်ကြည့်ကာအဖြေရှာနေတဲ့ xing ကြောင့် သူမမျက်ဝန်းတွေမှေးမှိတ်သွားအောင်ရယ်ပြလိုက်
တော့မှ စိတ်ချသွားဟန်ရှိတဲ့ပုံစံကြောင့် သက်ပြင်း
မောလေးတစ်ခု ခိုးချလိုက်မိရဲ့ .." Pa တို့ကလည်း တစ်ပွဲဆို ရပြီပေါ့ .. ဘာလို့ သုံး
လေးပွဲ လုပ်နေလဲမသိဘူးး .. အလကားသက်သက်
jie ပင်ပန်းအောင် .. "" arnyi !! jie ဘေးမှာ xing ရှိတယ်ဆိုတာနဲ့တင်ကို
မပင်ပန်းတော့ဘူးး .. aigoooo !! wuri သိုးပေါက်
လေး ပင်ပန်းနေပြီလား ? ဟုတ်လားး ? "ထိုအခိုက် သူမကိုယ်လုံးလေးဟာ xing ရင်ခွင်ထဲမှာ
စုန်းစုန်းမြုပ်လို့ရယ် .. သူမတို့ထိုင်နေတာ ဆိုဖာခုံရှည်
ဖြစ်တာမို့ xing က ကျောမှီထားပြီး သူမကို သူ့ရင်ခွင်
ထဲဆွဲပွေ့လိုက်တာမို့ သူမမှာ မလှုပ်သာ မရုန်းသာ
ပါလေ .." ကျေးဇူးတင်တယ် jie .. jie အပြုံးတွေဖန်တီးပေး
ခွင့်ရပြီး jie မျက်ရည်တွေကိုသုတ်ပေးခွင့်ရတဲ့သူဖြစ်
ခွင့်ပေးတဲ့အတွက် .. ကျန်တာတော့ တပ်အပ်မပြော
.နိုင်ပေမဲ့ ကျနော့်တစ်ဘဝလုံး jie အတွက်ဖြစ်ပေးပြီး
ကျနော့်ဘက်က ဘယ်တော့မှ လက်တွဲစမဖြုတ်မှာမို့
jie လည်း ဘာကိစ္စတွေပဲရှိရှိ ကျနော့်လက်ကို မြဲမြဲ
တွဲထားပေးပါ .. ကတိပေးမယ်မလား ? ဟင် !! "ထိုစကားနဲ့အတူ သူမမေးဖျားလေးကို ဆွဲပင့်လာတဲ့
xing .. သူ့ပါးပေါ်ကပါးချိုင့်လေးကအစ မြတ်နိုးချစ်
ခင်ရပါတယ် .. သူမဘဝရဲ့လိုအပ်ချက်တွေကိုဖြည့်
ပေးခဲ့တဲ့သူကို သူမကရော ဘယ်လိုအင်အားမျိုးနဲ့
လက်တွဲစဖြုတ်ရမတဲ့လဲ ကောင်ငယ်ကလေးရယ် !!" ကျွီ !!!!!!!!!! "
" Omo !! omma က နှောင့်ယှက်သလိုများ ဖြစ်သွား
လားးး ?? ဒါပေမဲ့လည်း ပွဲချိန်ကနီးနေပြီမို့ နောက်
ဆယ်မိနစ်လောက်နေရင် ပြင်ဆင်ပြီး ထွက်လာခဲ့ကြ
တော့နော် ကလေးတွေ .. "ပြောပြီး ပြုံးကာထွက်သွားတဲ့ xing mama ရဲ့အပြုံး
ဟာ ကျက်သရေရှိရှိနဲ့ တောက်ပနေလိုက်တာ .. ကိုယ့်
သိုးပေါက်ဟာလည်း သူ့အမေတူတာမို့ ပြုံးလိုက်တိုင်း
လူကို ဖိုးသိုးဖတ်သပ်ဖြစ်အောင် ဆွဲဆောင်နိုင်စွမ်းရှိ
နေတာဖြစ်မည် ..ပွဲစပြီဆိုကတည်းက သူမ, မရင်းနှီးတဲ့တရုတ်စကား
သံတွေကြား သူမ ခေါင်းပါမူးလာခဲ့ရသည် .. မနက်
တစ်ပွဲကို ကိုရီးယားမှာ လူသိရှင်ကြားလုပ်ပြီးနောက်
dinner ပွဲကို xing တို့ဘက်က တရုတ်မှာလုပ်မယ်ဆို
တာကြောင့် ဒီဘက်ရောက်လာရတာကာ သူမ, မ
လှုပ်ချင်တော့ .. နောက်နေ့ကျရင် dinner တစ်ပွဲက
ဟိုဘက်မယ် ထပ်လုပ်ရဦးမယ်ဆိုတဲ့အတွေးနဲ့တင်
လူက ခွေယိုင်လဲချင်နေပြီ ..ပွဲပြီးသွားတော့ သူမ သည်းမခံနိုင်စွာ ယိုင်နဲ့နေပြီ ..
ဟန်မဆောင်နိုင်တော့တာကြောင့် အခန်းမရောက်
ခင်ပင် လူက ပုံကျသွားတာမို့ xing ခမျာ သူမကို
တစ်ညလုံး ပြုစုရသေးတာာ ..ကျေးဇူးတင်တယ် Zhang Yixing !! ကိုယ့်ဘဝမှာ
လက်တွဲဖော်အရွေးမမှားဘူးဆိုတဲ့အတွေးလေးကို
သက်သေပြပေးခဲ့လို့ .. ရှေ့လျှောက် ကိုယ် မင်းကို
ဒီ့ထက်ပိုချစ်လာနိုင်အောင် ကြိုးစားမှာမို့ ကိုယ့်လက်
ကို တင်းတင်းဆုပ်ကိုင်ထားပေးပါ ..Wo ai ni xing ah !!
A/N ~ အမယ့် !! ကြီးကြီးကျယ်ကျယ် A/N တေ
ဘာတေနဲ့ 😬 .. အားလုံးပဲ ဒီ fic ကို ထုတ်ပစ်လိုက်
ကြပြီးလားတောင် မသိဘူးလေ နော် .. ဒါမဲ့ ကိုယ် ပြီး
အောင်ရေးမယ်လို့ ကတိပေးပါတယ်လို့ 😅 ..26.9.2017 ( tue )
952 words
YOU ARE READING
ပျော်စေချင်သည် မောင့်မဟေသီ
Fanfictionအိမ်နဲ့အဆင်မပြေပဲ ခပ်ပျော်ပျော်နေတတ်တဲ့ Kim Suho .. သူမရဲ့ဝမ်းနည်းမှုတွေကို အတတ်နိုင်ဆုံး ဖုံးဖိကာ ခပ်ပျော်ပျော်နေတတ်သူလေး .. သူမခံစားချက်တွေကို ဘယ်သူမှ နားလည်မပေးနိုင်ယူဆကာ အရင်းနှီးဆုံး သူငယ်ချင်းတွေကိုတောင်မှ လုံးစုံပတ်စေ့ ပြောမပြတတ်သူ .. သူမခံစား...