Pa Pa က ဒီညစာစားပွဲကိုတော့ လာတက်ပါဆိုတာမို့ သူမ
လည်း ငြင်းမရတော့ပဲ ထိုညစာစားပွဲသို့ စိတ်မပါတပါနဲ့ထွက်
လာခဲ့ရလေသည် .. အလှပြင်ဖို့လည်းစိတ်မပါတော့တာမို့
သင်တန်းသွားနေကြပုံစံကိုသာ နည်းနည်းလေးထပ်ဖြည့်
လိုက်ပြီး ဂါဝန်အဖြူလေးတစ်ထည်ဆွဲဝတ်လိုက်ကာ ထွက်
လာခဲ့လိုက်တယ် .. ဂါဝန်က လည်ထောင်ပုံစံလေးမို့ ဆံပင်
တွေအကုန် အပေါ်စုစီးကာ ကပိုကရိုလေးလုပ်လိုက်တော့
ဓာတ်လှေကားထဲကမှန်မှာ သူမကိုယ်သူမပြန်ကြည့်ရင်း
ခစ်ခနဲတောင် ရယ်လိုက်မိသေးတယ် .. ပြင်ပြင်ဆင်ဆင်ကြီး
မဟုတ်တာတောင် လှနေသေးတဲ့ငါကွလို့တွေးရင်း လူက
ပြုံးစိစိ .. အဲ !! အဲ !! သူမရဲ့ rainbow color ဆိုးထားတဲ့
ဆံပင်ကုတ်ဝဲကို မရမကအပေါ်စုစီးရတာကလွဲလို့ပေါ့လေ ..
ဒီလိုလူကြီးလူကောင်းတေချည်းလာတက်ကြမဲ့ပွဲမှာ သူမ
ပုံစံက မယဉ်ကျေးရာကျပေမဲ့ သူမဆိုတာမျိုးကလည်း ကိုယ်
လုပ်ချင်တာကလွဲရင် ကျန်တဲ့သူတွေထင်မြင်ချက်ကို စိတ်
ဝင်စားတဲ့သူမှမဟုတ်ပဲ 😏 ..ဒါပေမဲ့ ထိုညစာစားပွဲက သူမဘဝလေးကို တစ်ဆစ်ချိုး
ပြောင်းလဲစေမယ်ဆိုတာကိုတော့ သူမ ကြိုမသိနိုင်ခဲ့ပါ ..-------------- ~ မဟေသီ ~ --------------
ညစာစားပွဲတို့ရဲ့ထုံးစံအတိုင်း သူမရောက်သွားတော့ ငြိမ့်
ညောင်းတဲ့တီးလုံးကြားမှာ ဝတ်ကောင်းစားလှဝတ်ထား
သောလူတွေက ဟန်ဆောင်မျက်နှာဖုံးတွေကိုယ်စီနဲ့ ပြုံး
လို့ရွှင်လို့ပါလေ .. ဒီလိုနေရာတွေကိုမကြိုက်တာ ဒီအချက်
တွေကြောင့်ပင် .. သူမ ဟန်ဆောင်ရခြင်းကို သိပ်မုန်းပါ
သည် .. Pa Pa ကိုရှာနေခိုက် သူမရင်းနှီးနေတဲ့ကိုယ်သင်း
နံ့တစ်ခု .." Noona ?? ဟုတ်သားပဲ .. တူပါတယ်လို့ကြည့်နေတာ ..
Noona ကိုပါ ဖိတ်ထားတာလား ?? "" အင်း .. Pa Pa က ဒီညစာစားပွဲကို လာကိုလာရမယ်ဆို
လို့လေ .. အခု ဘယ်ရောက်နေလဲမသိဘူး .. မတွေ့ဘူး ..
Xing ကရော .. ဘယ်သူနဲ့တူတူလာတာလဲ ? "" Ma Ma တို့နဲ့လေ .. ဒါနဲ့ Noona Pa Pa ဆိုတာက
Kim ဥက္ကဋ္ဌကိုပြောတာလား ? "" အင်းးး .. "
" Wooo !!! Noona တို့များ တော်လိုက်တာနော် .. အနေ
အထိုင်ပိရိပုံများ Kim group ရဲ့သမီးလို့ကို မထင်မိတာ ..
Noona Pa Pa က ဟိုးးဘက်နားမှာ .. Ma Ma တို့နဲ့
စကားပြောနေတယ် .. လာလေ .. "
YOU ARE READING
ပျော်စေချင်သည် မောင့်မဟေသီ
Hayran Kurguအိမ်နဲ့အဆင်မပြေပဲ ခပ်ပျော်ပျော်နေတတ်တဲ့ Kim Suho .. သူမရဲ့ဝမ်းနည်းမှုတွေကို အတတ်နိုင်ဆုံး ဖုံးဖိကာ ခပ်ပျော်ပျော်နေတတ်သူလေး .. သူမခံစားချက်တွေကို ဘယ်သူမှ နားလည်မပေးနိုင်ယူဆကာ အရင်းနှီးဆုံး သူငယ်ချင်းတွေကိုတောင်မှ လုံးစုံပတ်စေ့ ပြောမပြတတ်သူ .. သူမခံစား...