ကတောက်ကဆ

316 40 1
                                    

" မရဘူးး .. ဒီကိစ္စကို မောင်သဘောမတူဘူးနော်
မ .. ချစ်တာကချစ်တာပဲ .. ဒီလိုအန္တရာယ်များတဲ့
နေရာကို မောင်ကလွှတ်စရာလား ? "

" ဒီတစ်ခါတည်းပါ မောင်ရာ .. အဖွဲ့နဲ့သွားမှာကို ဘာ
တွေ အဲ့လောက်ပူပန်နေရတာလဲ ? ဟင် !! အဲ့နေရာ
က မအေးချမ်းတာမှန်ပေမဲ့ တပ်တွေရှိပါတယ်တဲ့ ..
အဲ့လောက်ပူပန်စရာမရှိဘူး .. "

သိပ်ကိုစူးစမ်းချင်လွန်းတဲ့ဗီဇဟာ ဘယ်လိုမှဖျောက်
မရတာမို့ xing စိတ်ပျက်လက်ပျက်ထိုင်ချကာ လေ
ပူတစ်ချက်လွှတ်ထုတ်မိသည် .. ဘယ်လိုပဲဖြစ်သွား
ပါစေ .. ဒီကိစ္စကိုတော့ လိုက်လျောဖို့အစီစဉ်မရှိပဲ
မရ, ရအောင်ကို တားရမည် .. jie သာ တစ်ခုခုဖြစ်
သွားခဲ့ရင် သူပါ သေလိမ့်မည်ထင်သည် ..

အခုလည်းကြည့် .. မြန်မာနိုင်ငံက ပဋိပက္ခဖြစ်နေတဲ့
နေရာကို ပရဟိတအဖွဲ့ရယ် သတင်းသွားယူကြ
မည့်အဖွဲ့တွေရယ်နဲ့ လိုက်သွား စူးစမ်းချင်ပါသည်
တဲ့လေ .. နယ်မြေမကျွမ်း စကားမတတ် ဘာဆိုဘာမှ
မသိတဲ့ မငြိမ်းချမ်းတဲ့ဒေသကို စိတ်ချလက်ချလွှတ်ဖို့
ဘယ်လိုဖြစ်နိုင်မှာလဲ " မ " ရယ် ..

" xing .. သူတို့ဖုန်းဆက်နေပြီ .. လိုက်သွားမယ် ..
နော် !! ဟင် .. ဟင် !! "

သိပ်ကို စိတ်အားထက်သန်နေတဲ့ jie ကိုကြည့်ရင်း
သူ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်မိ
သည် ..

" ကောင်းပြီ .. jie သွားမယ်ဆို မောင်ပါလိုက်မယ် ..
မောင်မပါပဲ မသွားရဘူးး .. "

" ဟင် !! သူတို့က လူပိုမခေါ်ရဘူးတဲ့ xing ရဲ့ .. လေ့
ကျင့်ထားတဲ့သူတွေပဲ ခေါ်သွားမှာတဲ့ .. မတို့က ဒီလို
တွေသွားဖို့ training တွေ ဆင်းပြီးသားတွေလေ ..
ကဲပါ xing ရာ .. ဘာမှမဖြစ်ပါဘူး .. မသိရင် မြောက်
ကိုရီးယားမှာ သူလျှိုသွားလုပ်မဲ့အတိုင်းပဲ စိုးရိမ်နေ
လိုက်တာ .. ဟ ဟ .. "

ဘာမှမဖြစ်သလို ရယ်မောနေတဲ့ jie ကိုကြည့်ရင်း
သူ ရင်တွေနာလာရသည် .. သူကသာ စိုးရိမ်ပူပန်ပြီး
တားမြစ်နေခဲ့မိတာ .. မ ကတော့ သူတားနေရင်
တောင် လိုက်သွားမဲ့သဘောမှာရှိနေတာမို့ သူ ဆက်
မတားချင်တော့ပဲ အင်း တစ်လုံးသာပြောပြီး ထိုရှေ့
ကလှည့်ထွက်မိခဲ့သည် .. မကြာခင်ကျလာတော့မဲ့
အရည်ပူတွေကို မ မမြင်စေချင်တာလည်း ပါတာပေါ့
လေ .. ဒီကောင်က မအတွက် အဲ့လောက်တောင်
အရေးမပါမှန်း အခုမှသိတယ် မရယ် .. နည်းနည်း
လေးဖြစ်ဖြစ် အရေးပါမယ်ထင်ခဲ့မိတာ .. အခုတော့
ကိုယ်တစ်ယောက်တည်း အတွေးနဲ့ရူးခဲ့မိတာပဲ ..

ပျော်စေချင်သည် မောင့်မဟေသီWhere stories live. Discover now