" ကဲ .. ကဲ .. presentation လုပ်ရမဲ့ group ကို ခွဲပေးပြီး
ပြီနော် .. အားလုံးပဲ အကောင်းဆုံးကြိုးစားကြပါ .. ဆရာက
မင်းတို့ကို အများကြီးမျှော်လင့်ထားပါတယ် .. ကဲ !! ဒါဆို
နောက်တစ်ပတ်ကျရင် မင်းတို့ရဲ့ကြိုးစားအားထုတ်မှုတွေ
ကို ဆရာမြင်ချင်ပါတယ် .. အားလုံးပဲ goodnight ပါ .. "ဆရာက ထိုမျှသာပြောပြီး အတန်းဖြုတ်ပေးသွားတာမို့
အားလုံး စိတ်ပျက် လက်ပျက် ကျွတ်သတ်တဲ့သူကသတ် ..
မလုပ်ချင်ဘူးအော်တဲ့သူကအော် .. ငါတို့ကတော့ နောက်
အပတ် အိမ်ကပ်ရမှာမဟုတ်ဖူး ညည်းတဲ့သူကညည်းနဲ့
အခန်းထဲမှာ ဆူညံသွားလေတယ် .. Suho ကတော့ သူ့
ထုံးစံအတိုင်း သူ့အဖွဲ့ထဲမှာပါတဲ့သူတွေကိုလိုက်စုရင်း
Presentation အတွက် အကြမ်းဖျင်းစဉ်းစားမိသလောက်
ပြောလိုက်တော့ အားလုံးကထောက်ခံတဲ့အရိပ်အယောင်
ပြတာမို့ သူ့အိမ်မှာပဲစုလုပ်ကြဖို့ သဘောတူလိုက်လေ
သည် ..ထို့နောက်တော့ သူမလည်း တိုက်ခန်းဆီပြန်ဖို့ဦးတည်
လိုက်တော့ Xing က အနောက်ကပြေးလိုက်လာရင်းမှ .." Noona !! Noona !! ခဏနေပါဦးဗျ .. မောလိုက်တာ ..
ဘာလို့ အဲ့လောက်လောနေရတာလဲ ? "" Xing ?? လောတာမဟုတ်ပါဘူး .. ဗိုက်ဆာလို့ တစ်ခုခု
သွားစားမလားလို့ပါ .. ညဈေးတန်းလျှောက်မလားလို့
လေ .. "" ကျနော်လည်း ဗိုက်ဆာလို့ မုန့်သွားစားမလို့ noona ကို
ခေါ်မလို့ .. ထွက်လာလို့ကြည့်လိုက်တော့ မြင်တောင်မ
မြင်ရတော့ဘူး .. လှစ်ခနဲပဲ .. ကားပါလာလား ? "Noona က ခေါင်းညိတ်ပြကာ ရှေ့က ဆတ်တောက် ဆတ်
တောက်လျှောက်သွားတာမို့ သူလည်း ခပ်သုတ်သုတ်လိုက်
ရတော့သည် .. ထို Noona ဟာ သူတစ်ပါးခံစားချက်တွေ
ကို ဂရုမစိုက်တတ်တာလား ? လျစ်လျှူရှူတတ်တာလား
တော့မသိ .. သင်တန်းကာလနှစ်လခွဲအတောအတွင်းမှာ
ကို သူသတိထားမိတာတွေက အများသားရယ် .. သူသိ
တာကတော့ Noona ဟာ သူ့အိမ်နဲ့အဆင်မပြေဘူးဆို
တာပင် .. ငယ်ငယ်တည်းက အမေဆုံးသွားကာ အဖေက
နောက်အိမ်ထောင်ပြုထားတာလို့သာ သိထားတာမို့ သူ့
အမေအသစ်က သူ့အပေါ်ကောင်းသလားဆိုတာကိုတော့
သူ မသိခဲ့ရပါလေ ..
YOU ARE READING
ပျော်စေချင်သည် မောင့်မဟေသီ
Fanfictionအိမ်နဲ့အဆင်မပြေပဲ ခပ်ပျော်ပျော်နေတတ်တဲ့ Kim Suho .. သူမရဲ့ဝမ်းနည်းမှုတွေကို အတတ်နိုင်ဆုံး ဖုံးဖိကာ ခပ်ပျော်ပျော်နေတတ်သူလေး .. သူမခံစားချက်တွေကို ဘယ်သူမှ နားလည်မပေးနိုင်ယူဆကာ အရင်းနှီးဆုံး သူငယ်ချင်းတွေကိုတောင်မှ လုံးစုံပတ်စေ့ ပြောမပြတတ်သူ .. သူမခံစား...