luhanniesandy (Open your Heart)

4.5K 476 23
                                    

Title > Open your Heart
(Chanbaek) Yaoi
By luhanniesandy ^•^

နောက်မကျရင် ရင်ထဲဝင်ပြီး အချစ်တွေကို မြင်အောင်ကြည့်လှည့်ပါလား??? 💓

~~~••••~~~~••••~~~~~••••••~~~~~•••••~••••••

" Chanyeol hyung! "

လက်နှစ်ဖက်ကိုဆန့်တန်းကာ ကျနော့်ရင်ခွင်ထဲ တိုးဝင်လာသော ခွေးပေါက်လေး… ကျောင်းပြန်လာတိုင်း တစ်အိမ်လုံးအနှံ့ ကျနော့်ကိုလိုက်ရှာတတ်ကာ တွေ့ပြီဆိုလျှင်လည်း ရင်ခွင်ထဲပြေးဝင်လာတတ်သော Baekhyunne… အရမ်းကိုချစ်ရပါတယ် မြတ်နိုးရပါတယ်… ဒါပေမဲ့ Baekhyunne က မွေးစားသားလေးဆိုတာကို ကျနော်သိနေတော့ ကျနော့်အချစ်တွေက ကလေးအပေါ်မှာ မဖြူစင်တော့ဘူး… 😔

" Hyung Hyung ~ ကျနော် အဆင့်တစ်ရတယ် "

" Woaaa! တော်လိုက်တာ… ဘာဆုလိုချင်လဲ? "

" အဟိ ^•^ အခုမပြောသေးဘူး… ဒါမဲ့ တောင်းတဲ့အချိန်တော့ သေချာပေါက် ဆုပေးရမယ်နော် "

" Ok ဗျာ "

မိဘနှစ်ပါးထက် ကျနော့်အပေါ်မှာ Baekhyun က ပိုခင်တွယ်တယ်… အသက်ကလည်း သိပ်မကွာသလို ကျနော့်လက်ပေါ်မှာ Baekhyun ကကြီးရသည်ကိုး…… ကျနော့်ရဲ့ အရောင်စွန်းတဲ့အချစ်ကို Baekhyunne သိသွားရင် သူမုန်းသွားမှာလား??? ကြောက်တဲ့စိတ်နဲ့ အချစ်တွေကို Chanyeol မဖော်ပြဝံ့တာအမှန်ပါ…

ညနေဘက် Chanyeol ခြံထဲဆင်းလာတော့ Baekhyun အသံတိတ်နေတယ်… ထိန်းခနဲ စိုးရိမ်စိတ်ကဝင်လာပြန်တယ် ကလေးဘယ်ရောက်နေတာလဲ?? အပြေးလေးသွားကြည့်တော့ ဒန်းလေးပေါ်မှာ အိပ်ပျော်နေတာဘဲ… Hak ~ ကျနော့်မှာလည်း လာကြိုက်သမျှလူကို ချေနေမိတော့ အခု Baekhyun နဲ့ကျမှ ဝဋ်လည်နေသယောင်……

" ပါပီစုတ်လေး… ချစ်တယ် "

ခပ်တိုးတိုးဝန်ခံစကားနဲ့အတူ Baekhyun နဖူးပေါ်ကို ကျဆင်းလာတဲ့ အနမ်းလိပ်ပြာ… အေးချမ်းစွာအိပ်စက်ပါ ကိုယ့်ရဲ့နတ်သားလေး… Baekhyun အိပ်နေတာလေးကို ငေးမောကြည့်နေမိတဲ့အထိ ကျနော်ချစ်တယ်… မဖြူစင်တဲ့အချစ်နဲ့ ချစ်နေမိတာ တောင်းပန်ပါတယ် ကလေးရယ်…

" Hmm… Hyung? "

" နိုးပြီလား ဝက်ကလေး "

" ဒီနားကိုတိုး "

11 : 11 Collections (ChanBaek)Donde viven las historias. Descúbrelo ahora