kyalsin92 (BaekPuppy's Soulmate)

4K 468 2
                                    

"Plzzz...ကျေးဇူးပြုပြီး ဒီနားမှာတင် ရပ်နေပေးခဲ့ပါလား??"

ကျနော့် နောက်က ပါလာတဲ့ ကောင်ပုလေးကို လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ရင်း ပြောလိုက်မိတယ်...

သို့သော် အနှီလူပုလေးကတော့ သူ့ဆွဲဆောင်မှုတခုဖြစ်တဲ့ puppy eyesလေးနဲ့ အပီအပြင်ကို ပြုံးရယ်ပြလာပြီး ခေါင်းရမ်းပြလာတယ်...

"ငါ့နောက်ကနေ တယောက်ယောက်လိုက်နေတော့ ငါ့ကျောမလုံလို့ပါကွာ...so please..."

နောက်တကြိမ် ထပ်တောင်းဆိုလိုက်ပေမယ့် သူ့ပြန်ပေးတဲ့ တုန့်ပြန်မှုက....

"နောက်က လိုက်တာ မကြိုက်ရင် ဘေးကကပ်လိုက်ခဲ့မယ်လေနော်.."တဲ့..

ဘယ်လို ကောင်လေးမှန်းကို မသိတော့..၊တနေ့တနေ့ ကျနော် သွားလေရာ နောက်ကနေ တကောက်ကောက်လိုက်မယ်...၊အလုပ်လုပ်နေရင်လည်း ဆိုင်ရှေ့ကနေ ထိုင်ငေးနေမယ်..၊သူ့ အလုပ်ကဒါပဲ..အလုပ်ရောလုပ်ရဲ့လား မသိ..၊အေးလေ..ဒီလို ကလေးဒီဇိုင်းကိုရော ဘယ်အလုပ်ကခန့်မှာတဲ့လဲ?

"ဟူး~~~~"

သက်ပြင်းမောကို ချလိုက်ပြီး အနောက်နား ကပ်ရပ်နေတဲ့ ကောင်ပေါက်စလေးကို ခေါင်းစခြေစွန်း ကြည့်လိုက်မိတယ်...

ဝတ်ထားတဲ့ ပုံစံကလည်း ကြည့်ဦး ကျပ်မပြည့်တဲ့ ဒီဇိုင်း...။ လျှာထိုးဦးထုပ် အမည်းကို နောက်ပြန်ဆောင်း.၊အင်္ကျီလက်ရှည် အဖြူပေါ်ကို ဘေ့ဘောကစားရင်ဝတ်တဲ့ အင်္ကျီအဖြူလက်ဇက တထည်ထပ်ဝတ်လာတာ ဘောင်းဘီကလည်း ဒူးအောက်အတိ..ကျောပိုးအိတ်က လွယ်ထားသေး..တကယ် ကျပ်မပြည့်တဲ့ ဒီဇိုင်း.

"ဒီလိုမျိုးတွေဝတ်ပြီး ဘာလို့ ငါ့နောက် လိုက်နေရတာလဲကွာ.."

ကျနော့်အမေးကို ကောင်လေးက သူ့အင်္ကျီအနားစကိုကိုင် ခါရမ်းပြလာပြီး ပြန်ပြောပါတယ်...

"BaekBaekလေး အရမ်းလှနေတော့ စိတ်မထိန်းနိုင်ဘူးပေါ့..."တဲ့လေ..၊

သေသာသေလိုက်ချင်ပါတယ်...၊တကယ် ကျပ်မပြည့်ဘူး ထင်ပါရဲ့...သူ့ဟာသူ နာမ်စားသုံးနေတာကိုက baekbaekလေးတဲ့....

"ဒီမယ်..ကိုယ်တော်လေး..၊ကျနော် စိတ်မတိုခင် အနားကနေ အမြန်လစ်စမ်းပါဗျာ..၊ဆိုင်ဖွင့်တာ နောက်ကျတော့မယ်..."

11 : 11 Collections (ChanBaek)Donde viven las historias. Descúbrelo ahora