PuppyYoda_Lover (Fallen Angel)

3.8K 466 14
                                    

" ဝေးးးးးးးးးးးး ပင်လယ်ကွ !!!!!!!!! "

အထုတ်လေးတစ်ထုတ်ကိုဆွဲကာ ပင်လယ်ရှေ့မျက်နှာမူကာ အသံဝင်မတတ် အော်ဟစ်နေတဲ့ ကောင်လေးတစ်ယောက်ကို မြင်လျှင် ထိုကောင်လေးသည် တစ်ခြားသူ မဟုတ် .. Byun baekhyun တည်း။

Baek's pov ;

အိ .. ရှက်ထှာ .. ပင်လယ်ကို ရောက်ပြီဆိုပြီး အပျော်လုံးဆို့ပြီး အော်နေလိုက်တာ .. ဘေးပတ်ဝန်းကျင်ကို မျက်စိလှည့်ကာ ကြည့်လိုက်တော့မှ အမငီး .. လူက အရူးများထင်နေကြလားမသိ .. ၀ိုင်းကြည့်နေကြတာ .. ။

မထူးပါဘူး .. ဟိုတယ်ပဲ သွားတော့မယ် ။ နောက်ဆုံးတော့ ကိုယ့်အထုတ်ကို ဆွဲရင်း ပြူးကြည့်နေတဲ့ လူအားလုံးကို သွားဖြဲကာ ရယ်ပြလိုက်ပြီး ဟိုတယ်သို့ ထွက်လာခဲ့တော့သည် ။

အဲ .. မိတ်ဆက်ရဦးမယ် .. ။ ကျွန်တော့်နာမည်က Byun Baekhyun .. အသက်က ၁၈ နှစ် ။ အခု ကျွန်တော်က အိမ်ကမသိအောင် ခိုးထွက်လာတာဗျ ။ ခိုးထွက်ဆို ကျောင်းပိတ်တုန်း ဂျယ်ဂျူ ဒို သွားချင်တာကို လိုက်မပို့ကြဘူးလေ ..

အဲ့တော့ ပြတ်ပြတ်ပဲ .. အိမ်က မသိအောင် ခိုးထွက်ပြီး လက်မှတ်ဝယ် .. နောက်တော့ ဂျယ်ဂျူ ကျွန်းကို ကျွန်တော် ကိုယ့်အားကိုယ်သုံးရင်း တစ်ယောက်တည်း ရောက်လာခဲ့ပြီ ။ အဟီးး ဒွန့်ရချည်သေးရဲ့ ..

ဟိုတယ် နာမည်က Dae Hwan Hotel ..

ဟိုရှာ ဒီရှာနဲ့ နောက်ဆုံးတော့ ဟိုတယ်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ် ..

" မင်္ဂလာပါရှင့် !! "

အမယ်လေး .. လန့်ထှာဟဲ့ .. နှုတ်ဆက်နေတာလား လူကို နှလုံးရောဂါရအောင် လုပ်နေတာလား မသဲကွဲဘူး ။

လန့်သွားတဲ့ ကိုယ့်ရင်ဘတ်လေးကို ဖိရင်း အထုတ်လေးဆွဲကာ reception သို့ လျှောက်လာခဲ့လိုက်သည် ။

လူရှိန်အောင် မျက်နှာကလည်း ခပ်တည်တည်လုပ်ရသေး .. ဟုတ်သည်ရှိ မဟုတ်သည်ရှိ .. ဟန်ကိုယ့်ဖို့ပေါ့ 😁😁

" အခန်းလိုချင်လို့ !! "

" ဟုတ်ကဲ့ ကြိုတင် ဘိုကင်လုပ်ထားပါသလားရှင် ? "

11 : 11 Collections (ChanBaek)Donde viven las historias. Descúbrelo ahora