YeolliesSakura (11:11)

4.7K 440 13
                                    

"Hyung...Baekhyunne ရော.."

စတိတ်စင်တစ်ခုရဲ့ Back State တွင်
အခမ်းအနားပီး၍ ပြန်ရန်ပြင်ဆင်နေကြသော
သူတွေ အနိုင်ရရှိသောသူကိုဂုဏ်ပြုနေကြ
သောသူတွေနဲ့ ရှုပ်ယှက်ခတ်လို့...

~Competition of Classical Musician ~
ဆိုသော ဆိုင်းဘုတ်ကြီးကိုတောင်ခွာနေကြ
လေပြီ...

အောင်နိုင်သူတို့က ပန်းစည်းများ အပြုံးများ
ပီတိများဝေဆာနိုင်သလောက်...
ပျော်ရွှင်မှု သည် လူ တစ်ယောက်နဲ့ တစ်ယောက်ကို မျှဝပေးနိုင်တဲ့ကွန်ယက်တစ်
ခုတဲ့...သို့သော်..
ထိုသူတို့ရဲ့ အပျော်သည် ကျတော့်ကိုမကူး
စက်ပါ...ကျတော့်ရင်ထဲမွန်းကြပ်မှုတို့ကစိုး
မိုးနေ၏..

နည်းပြဆရာဖြစ်တဲ့Xiumin Hyung ရဲ့မျက်နှာကမကောင်းသလို Baekhyun ကို မတွေ့ရသေးတာကြောင့် Chanyeol ရင်ထဲ
မီးလိုပူနေ၏...

Xiumin Hyung က ကပျာကယာပင်
ရောက်လာသော Chanyeol ရဲ့လက်မောင်း
ရင်းကိုဆွဲကာ လူအနည်းငယ် ရှင်းသောနေရာ သို့်ခေါ်သွားလေရဲ့..

"Hyung...Baekhyunne..?"

"Baekhyun ခေါင်မိုးထပ်မှာ..."

"Hyung..Baekhyun ကိုတစ်ယောက်
တည်းထားစရာလား.."

ခေါင်မိုးထပ် ဆိုကတည်းက ရုပ်ရှင်ထဲကလို
အစွန်းရောက်အတွေးအချို့ကခေါင်းထဲ
ဝင်လာပြန်၏...ကျတော့်ချစ်ရသောသူ
သည် စိတ်ထိခိုက်လွယ်တာကျတော်သိ
လို့ပါ...

"ခဏနေပါအုံး..Chen ရှိပါတယ်...
Chen လည်းသူ့ကိုချော့နေတယ်.."

သက်ပြင်းချနိုင်ပေမယ့် စိတ်ကတော့မချနိုင်
သေး..ကျတော်ကိုယ်တိုင် မျက်လုံးနဲ့မြင်ရမှ
စိတ်ဒုန်းဒုန်းချနိုင်မယ်..

"မင်းဘာလို့ အချိန်မီရောက်မလာခဲ့တာလဲ
Chanyeol ah..တကယ်တော့ သူ့ဘေး
နား ဆရာဖြစ်တဲ့ငါတစ်ယောက်လုံးရှိပေ
မယ့် မင်းကိုမျှော်နေခဲ့တာ.."

ရုံးဆင်းချိန် ကားလမ်းများပိတ်လွန်းတဲ့
အပြင် ကားဘီးပေါက်သွားတဲ့ ကျတော့်ကား
ကိုပဲ အပြစ်တင်ရမလား.. အစီအစဉ်ချတာ
ညံ့တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ရမလား
မသိတော့ပေ..

"ကျတော့်ကားပျက်သွားလို့..ကျတော်ငါး
မှတ်တိုင်လောက်ကိုပြေးလာရတာ.."

Has llegado al final de las partes publicadas.

⏰ Última actualización: Nov 11, 2016 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

11 : 11 Collections (ChanBaek)Donde viven las historias. Descúbrelo ahora