Exo12wolves88(Black&White)

4.2K 509 5
                                    

Black-တည်ငြိမ်ခြင်းနဲ့ လေးနက်ခြင်းကို
ဆောင်ကျဉ်းတယ့် အရောင်........

"ဖုန်း"

"အ!"

စကားလေးတောင်ဆုံးအောင်မရွတ်လိုက်ရ...
ထွက်ပေါ်လာသော ထုရိုက်သံတစ်ခုနဲ့အတူ
ထူပူသွားရသော နောက်စေ့....။
နောက်ကိုလှည့်ကြည့်လိုက်တော့ ဆိုဖာအခင်း
ကို လက်ကဝေ့ယမ်းနေကာ အောင်နိုင်သူ
တစ်ယောက်လို ကြည့်နေသော Baekhyun။

"ဒါ ဘာလုပ်တာလဲ???"

"အခင်းနဲ့ရိုက်တာလေ မသိဘူးလား.."

မသိရင် ဓားကိုခပ်ဝံ့ဝံ့ကိုင်ပီး မာန်ထယ်နေတဲ့
စစ်သူကြီးလိုလို...။

"အခင်းနဲ့ရိုက်တာ မသိလို့မေးနေတာလား
ဘာလို့ခေါင်းကိုရိုက်တာလဲလို့မေးတာ..."

"အဲ့တာဆို ရင်ဘတ်ကိုရိုက်ရမှာလား?"

အပြောနဲ့လက်တွေ့ညီပါပေတယ်...။
ဘုန်းခနဲ ရင်ဘတ်ပေါ်ကိုကျရောက်လာတယ့်
ဆိုဖာခေါင်းအုန်းလေး..။
အောင့်သက်သွားရတယ့်ရင်ဘတ်ကိုကိုင်ကာ
အသက်ကို ကမန်းကတန်းရှူနေခိုက်...
သူက မျက်နှာချင်းဆိုင်ထိုင်ခုံမှာ ခပ်တည်တည်
ဝင်ထိုင်လိုက်ရင်း...

"စောနက စကားလေးပြန်ပြောစမ်းပါ..
ဘာ!
အနက်ရောင်က တည်ငြိမ်ခြင်းကိုဖော်ပြတာ
ဘာမှလဲ မသိပဲနဲ့ တည်ငြိမ်ခြင်းကိုဖော်ပြတာက
အဖြူရောင်ဗျ...အဖြူရောင်...."

စူးစူးနစ်နစ်လေးထအော်လိုက်သော သူ့စကား
ကို...ကျွန်တော် သေဆေးအတိုက်ခံရသောသူ
လို ခေါင်းကိုအသည်းအသန်ခါဆန့်ကျင် လိုက်ရင်း...

"မဟုတ်တာ..
အနက်ရောင်ကမှ လေးနက်ခြင်းကိုပြတာ..."

"အဖြူရောင်!"

"အနက်ရောင်!"

"အဖြူရောင်!"

"အနက်ရောင်!"

သည်လိုနဲ့ တစ်ယောက်တစ်ခွန်းများခဲ့တဲ့
ကျွန်တော်တို့2ယောက်ရန်ပွဲလေးဟာ...
အရောင်ကာလာနဲ့ပတ်သက်ပီး အငြင်းပွားမှု
လေးတစ်ခုသာဖြစ်ခဲ့ပါတယ်...။
ချစ်သူဘဝကတည်းက အငြင်းပွားခဲ့ရတဲ့
ဒီအရောင်ပြိုင်ဆိုင်မှုလေးက
အခု...2ယောက်လက်ထပ်ပီးတဲ့အချိန်အထိ
ရိုးရာမပျက် တည်ရှိနေဆဲပါ..။
ကျန်တဲ့ကိစ္စတွေမှာသာ အလျော့ပေးကြမယ်.... အဖြူ အနက်ကတော့
အနိုင်မခံ အရှုံးမပေးပြိုင်ရမှာပဲ....။ သူများတွေအတွက် သာမန်ဆိုပေမယ့်...
ကျွန်တော်တို့2ယောက်အတွက်ကတော့
တကယ့်စစ်ပွဲကြီးတစ်ခုလို....။
ဟုတ်ပါတယ်...
သူက အဖြူ...
ကျွန်တော်က အမည်းပါ......။

11 : 11 Collections (ChanBaek)Donde viven las historias. Descúbrelo ahora