"အိမ်ကိုရှင်းထားလို့ပြောနေတာ အခါတစ်သိန်းမကတော့ဘူး မင်းတို့နေနေတာ အိမ်လား ကြွက်တွင်းလားပြောစမ်း!!!"
အိမ်ဝမှ ခါးကြီးထောက်ကာ ဆီးအော်လိုက်သော အစ်ကိုအကြီးဆုံး Teukie ၏အောင်မြင်ခန့်ညားသောအသံကြောင့် အိမ်တွင်း၌ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်
"ဟေ့ကောင်တွေ!!!ဘီးကျဲပြန်လာပြီကွ!!"
ဒုတိယ အစ်ကိုဖြစ်သော Haeက ဧည့်ခန်းတွင် ရုပ်ရှင်ကြည့်နေရာမှ အလန့်တကြားထရင်း ကျန်သော ညီအစ်ကိုများ၏ အခန်းများကို တစ်ခန်းဝင်တစ်ခန်းထွက် တံခါးလိုက်ခေါက်လေသည်
ထို့နောက် ဧည့်ခန်းကြမ်းပြင်တွင် ရုပ်ရှင်ကြည့်ရင်း သူဖွထားသောနေကြာစေ့ခွံများကို သိမ်းရန်အချိန်မရှိတော့သဖြင့် ခြေသုတ်ခုံတစ်ခုကို ကောက်ယူကာ ကြံရာမရတော့ပဲ အပေါ်မှ အုပ်၍ ထိုင်နေလိုက်လေသည်
"အပြင်လေးခဏသွားလို့ ကူဖော်လောင်ဖက်များရမလားမှတ်တယ် ပိုတောင် ဖြစ်ချင်တိုင်းဖြစ်သေးတယ် ဟင်း.....ဟင်း ငါနော် တစ်နေ့တစ်နေ့ အသက်တိုမှာပဲ ဟေ့ကောင်Hae မင်းက ခြေသုတ်ဝတ်ပေါ် ငုတ်တုတ်ထိုင်ပြီး ဘာလုပ်နေတာလဲ"
ထိုစဉ် Hae ဖင်အောက်ရှိ ခြေသုတ်ခုံမှ တစွန်းတစ ထွက်နေသော နေကြာစေ့ခွံများဆီသို့ အလွန်လျင်သော သူ့မျက်စိများက ဖြတ်ဆို ရောက်သွားလေသည်
"အောင်မလေး!!!နေကြာစေ့ခွံတွေပါလား!!! မင်းအသက် ဘယ်လောက်ရှိပြီလဲ ကလေးလို စားချင်တိုင်းစားပြီး လျှောက်ဖွထားစရာလား !! သိမ်းစမ်း!!! အခုချက်ချင်း သိမ်းစမ်း!!!!!!"
Teukie ၏ အော်သံကြောင့် Haeခမျာ တုန်တက်သွားပြီး ကမန်းကတမ်းထကာ တံမြက်စည်းလှည်း ရရှာတော့သည်
ထိုစဉ် ပထမအခန်းတံခါးပွင့်သွားပြီး အထဲမှ Wookက ခြေဆုံးခေါင်းဆုံး မိတ်ကပ်လိမ်း၍ ထွက်လာသည်
"ကွီး!!!ပြန်ရောက်ပြီလား....မြန်တယ်နော် ကျွန်တော်က ပြန်မလာတော့ဘူးထင်လို့"
လက်ထဲတွင်ကိုင်ထားသော ဖုန်းကို ဖင်နောက်တွင် ကမန်းကတန်းဖွက်ရင်း ပြုံးကာပြောသည်
YOU ARE READING
ချစ်ခြင်းဖြင့် ဖန်ဆင်းသော
Fanfictionမိဘတွေမရှိတော့တဲ့နောက် အကိုကြီး အဖရာအနေနဲ့ စပ်စလူး ညီသုံးကောင် Hae, Wookie နဲ့ Kyuတို့ကို အုပ်ချုပ်နေရတဲ့ စည်းကမ်းကြီးတဲ့ လူပျိုကြီးTeukie သူတို့နဲ့ တဖက်ခြံမှာနေတဲ့ အပြင်ပန်း အိုင်တင်ကောင်းသလောက် အထဲမှာဗြဲလရမ်းဖြစ်နေတဲ့ သူငယ်ချင်းလေးယောက် Kangin, H...