"မဖြစ်ဘူး..... ဒီတစ်ခါတော့ ထိန်းမဲ့သူကို သေချာရွေးမှ ဖြစ်တော့မယ် ဘယ်နှယ့်ကလေးထိန်းခိုင်းပါတယ်ဆို ကလေးက ပြန်ထိန်းရမဲ့ကောင်တွေ ချည်းပဲ"
Teukie ကမဲ့မဲ့ရွဲ့ရွဲ့ဖြင့်ပြောလေတော့ Haeခမျာခေါင်းလေးကိုသာ ငုံ့နေရရှာတော့သည်
အကိုကြီးက သူMinnie လေးကို ထိန်းကျောင်းတာ စိတ်တိုင်းမကျဟုဆိုကာ နောက်ထပ် member တစ်ယောက်ကို တာဝန်ပေးရန်စီစဉ်နေသည်ပင်.....အင်းလေ.....
လူပျိုကြီးတွေက.......
ဘယ်နှယ့်လုပ်ပြီး ကလေးထိန်းတတ်မှာလဲလို့.....
ကိုယ့်ဟာကိုယ်တောင် အသုံးမကျလို့
မိဘလက်က မလွတ်သေးတဲ့ဟာ..."ကဲပြော! နောက်တစ်ယောက်က ဘယ်သူထိန်းမှာလဲ"
ပြင်းထန်သော အာဏာစက်အောက်တွင် အားလုံးတစ်ယောက်မှ တုတ်တုတ်မလှုပ်ရဲပဲ ရှိနေကြသည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း သူလိုလိုငါလိုလို လုပ်နေကြတော့ အကိုကြီး Teukie တစ်ယောက် စိတ်မရှည်ဖြစ်လာတော့သည်
"ဟိုအငယ်ကောင် Kyuhyun!!!"
ရုတ်တရက် မထင်မှတ်ပဲ အကိုကြီး၏ ခေါ်သံကြားလိုက်ရသည့်အတွက် Kyuhyunတစ်ယောက် ငိုက်နေရာမှ ဆတ်ကနေ ခေါင်းထောင်သွားသည်....
"ဂျာ.....တိုကြီး!!!"
"ဒီနေ့ မင်းအားတယ်မလား"
Teukie ၏စူးရှသော အကြည့်ကိုရှောင်လွဲရင်း သူခေါင်းကို တဗြင်းဗြင်းကုတ်လိုက်သည်...
အဲ့ဒါမှ ဒုက္ခပဲ.....
အငယ်ဆုံး member မို့ သူ့ဆီနောက်ဆုံးမှ အလှည့်ရောက်လိမ့်မည် ထင်ခဲ့သည်.....
အခုတော့ ရုတ်ချည်း Teukie ကသူ့ကို ထိန်းခိုင်းဖို့ ကြိုးစားနေသည်ပင်....."ဟုတ်"
ကြောက်ကြောက်နှင့် ခေါင်းခါပြလိုက်မိသည်.....
ပုံမှန်အချိန်ဆို အကိုဖြစ်သူကို တစိမှမကြောက်သော်လည်း အခုလို မနက်စောစော အကိုကြီးစိတ်တိုနေလျှင်မူ သူလဲ လန့်တော့လန့်သည်....
"ဟုတ် ဆိုပြီးခေါင်းခါပြတော့ အားတာလား မအားတာလားကွ"
"အဲ.....ဟုတ်ဆိုတာကလေ.....အယ် မအားဘူးလို့ပြောတာ"
YOU ARE READING
ချစ်ခြင်းဖြင့် ဖန်ဆင်းသော
Fanfictionမိဘတွေမရှိတော့တဲ့နောက် အကိုကြီး အဖရာအနေနဲ့ စပ်စလူး ညီသုံးကောင် Hae, Wookie နဲ့ Kyuတို့ကို အုပ်ချုပ်နေရတဲ့ စည်းကမ်းကြီးတဲ့ လူပျိုကြီးTeukie သူတို့နဲ့ တဖက်ခြံမှာနေတဲ့ အပြင်ပန်း အိုင်တင်ကောင်းသလောက် အထဲမှာဗြဲလရမ်းဖြစ်နေတဲ့ သူငယ်ချင်းလေးယောက် Kangin, H...