"အားလုံးမှာ ကိုယ့် schedule နဲ့ကိုယ် ရှုပ်နေကြတာဆိုပေမဲ့ dorm မှာ တစ်ယောက်မဟုတ်တစ်ယောက် အားတဲ့သူကတော့ ရှိမှာပဲ.....
အားတဲ့သူက Minnie လေးကိုထိန်းရမယ် ဟုတ်ပြီလား....."Heechul, Siwon , Yesung, Wookie, Danghae , Eunhyuk, Kangin အားလုံးက အကိုကြီး Teukie ၏စကားကို တုတ်တုတ်မှမလှုပ်ပဲ နားထောင်နေကြသည်.....
Super Junior အဖွဲ့စတင်တည်ထောင်ကတည်းက အဖွဲကို နိုင်နိုင်နင်းနင်း အုပ်ချုပ်လာသော အကိုကြီးသည် စီမံခန့်ခွဲမှုအရာတွင် ကျွမ်းကျင်သလို အမိန့်ပေးရင်လဲ ပြတ်သားသည်...
သူ့ကို ဘယ်သူမှ အာမခံရဲကြပေ......"ဟိုနောက်ဆုံးတန်းမှာ ဖင်ဘူးတောင်းထောင်နေတဲ့ အကောင်!!!ကြားလား!!! ငါမေးနေတယ်!!!"
မနေ့ညက အရှိန်မပြေသေးသဖြင့်
ဖင်ဘူးတောင်းထောင်လျက် ငိုက်မျည်းနေသော Kyuhyun ကလည်း ဖင်ပေါ်လက်နှစ်ချောင်း ထောင်ပြသည်"ပြောချင်တာက ငါတို့ Super Junior member တွေဟာ ဒီနေ့ဒီအချိန်အထိ တစိတ်တဝမ်းတည်းနေခဲ့ကြသလိုမျိုးပဲ.....
Minnie လေးဟာ ငါတို့ member Sungminရဲ့ သားလေးဖြစ်တဲ့အတွက် ငါတို့မွေးတဲ့ သားအရင်းလေးလိုပြုစုရမယ်.....
ပြီးတော့ ငါတို့က Minnie လေးရဲ့ God father တွေပဲမဟုတ်လား""ဟုတ်ပါတယ် ဗိုလ်ကြီး!!!အဲ အကိုကြီး!!!"
စစ်ထဲကထွက်လာပြီး စစ်သားလေသံ မပျောက်တော့သော Kangin ကြီးက ရှေ့ဆုံးကနေ leader ကြီးကို တက်ကြွစွာ ထောက်ခံသည် .....
"ကဲ...ဒါဖြင့် ဒီနေ့ဘယ်သူအားလဲ"
"Hae အားတယ် Hae ထိန်းမယ်"
Hae က Minnieလေးကို
ချီလျက်နှင့် ရှေ့ဆုံးကနေ စာရင်းပေးလာသည်.....
Haeတို့က လူကြီးတွေဆို အဖက်မလုပ်ချင်သလောက် ကလေးတွေကို ဟိုဟိုသည်သည် လျှောက်ကလိရတာတော့
ဝါသနာကြီးသည်.....
ကလေးဆိုတော့ သူ့ကိုလဲ ဘာမှပြန်မလုပ်နိုင်ဘူးလေနော်သို့ရာတွင် အဖွဲ့ထဲမှာ သဘောထားအနူးညံ့ဆုံးသူပီပီ Minnieလေးကိုလဲ သူများထက်ပို၍ သံယောဇဉ်တွယ်တာသည်ကတော့ အမှန်ပင်ဖြစ်လေသည်....
သူ့အဖေလာအပ်သွားကတည်းက အခုထိ တပွေ့ပွေ့တပိုက်ပိုက်ဖြင့် Minnie လေးကို လက်ထဲကမချ .......
ချပြီးလျှင် ဘယ်လိုပြန်ကောက်ချီရမှန်းမသိ၍ ဖြစ်သည်.....သူကလေးချီတိုင်း Hyuk Jae အကူအညီအမြဲလိုလေ့ရှိသည်
YOU ARE READING
ချစ်ခြင်းဖြင့် ဖန်ဆင်းသော
Fanfictionမိဘတွေမရှိတော့တဲ့နောက် အကိုကြီး အဖရာအနေနဲ့ စပ်စလူး ညီသုံးကောင် Hae, Wookie နဲ့ Kyuတို့ကို အုပ်ချုပ်နေရတဲ့ စည်းကမ်းကြီးတဲ့ လူပျိုကြီးTeukie သူတို့နဲ့ တဖက်ခြံမှာနေတဲ့ အပြင်ပန်း အိုင်တင်ကောင်းသလောက် အထဲမှာဗြဲလရမ်းဖြစ်နေတဲ့ သူငယ်ချင်းလေးယောက် Kangin, H...