4

640 48 13
                                    

ဆိုတော့ကာ ဒီနေ့ဆို Valentine dayပင် ရောက်လေပြီ

သူသူငါငါ valentineသည့် ဟောဒီခေတ်ကြီးထဲ ကိုယ်မှမပါလျှင် ခေတ်မမီရောက်မည်ဟု ယူဆရာ သူပါ အတင်းရောယောင်၍ valentine ရန် Siwon တစ်ယောက်ဆုံးဖြတ်လိုက်သည်

အော် နေဦးvalentineတယ်ဆိုတာမျိုးက တစ်ယောက်ထဲ တိုင်းချင်တိုင်းလို့မှ မရပဲ !!!

မနက်က Lee Hyuk Jae တစ်ယောက် ဟောင်ဖွာဟောင်ဖွာ လုပ်သွားသည့်အထဲ သူမှတ်မိသလောက်က ဒီလိုနေ့မျိုးဆို ချစ်တဲ့သူအချင်းချင်း ချောကလက်ကျွေးတာတို့ ရိုမန်တစ်ဆန်ဆန် ချစ်ခွင့်တောင်းတာတို့ တစ်နေကုန်ဆင်တူဝတ်ပြီး လျှောက်သွားကြတာတို့
ညကျရင် အဆင်ပြေရင်ပြေသလို ဟိုဒင်း...... အဟဲ........ကြည်နူးဖွယ်ကောင်းသော ညချမ်းလေးကို နှစ်ယောက်သား ချစ်ခင်စွာ ဖြတ်သန်းကြတာတို့
ဒါမျိုးတွေ လုပ်လေ့လုပ်ထရှိကြသည် ဆိုပဲ.....

သူ့ဟာသူ အတွေးနှင့် ကြိတ်ပြီးပြုံးလိုက်သည်

ဟိုနေ့က ပါတီမှာ တွေ့ခဲ့သော သူ့ရဲ့အသည်းတစ်ခြမ်းလေးကိုသာ ဒီလိုနေ့မျိုးမှာ ပိုမိုနီးစပ်အောင် ကြိုးစားလိုက်ရလျှင်....အဟိ.... ဘယ်လာက်များ ကြည်နူးစရာကောင်းလိုက်မလဲ

အဲ့!!! ခက်တာက ကလေးကို ဘယ်နှယ့်လုပ် အပြင်ကို ခေါ်ထုတ်ရမလဲ ဆိုတာသာဖြစ်သည်
အထုတ်မတော်လျှင် အရွယ်မရောက်သေးသူကို မြူဆွယ်ဖျားယောင်းမှုဖြင့် ထောင်ကျကိန်းရှိသည် ကလေးကလည်း အသက်ကတော်တော် ငယ်သေးပုံရသည် သူ အတိအကျမသိ!!!

ကလေးနဲ့ပတ်သက်လို့ သူ့သိတာဆို၍
ဟိုနေ့က ကသောကမျော ပေးခဲ့သော ဖုန်းနံပါတ်လေး တစ်ခုသာရှိသည်

ထို့ကြောင့် အခန်းထဲ ကမန်းကတမ်းပြေးကာ အကျအနသိမ်းဆည်းထားသော စာရွက်ခေါက်လေးကို လိုက်ရှာသည်

အဲ့နေ့က အိမ်သာဝင်ခါနီး လက်မဆေးခင်လေး စာရွက်အပိုင်းလေးထဲ ကောက်ရေးကာမှတ်လိုက်မိသည်လေ
(ရေးပြီး အာဘွားတောင်ရွှတ်ခနဲ ပေးခဲ့သေး)

စာူပွဲပေါ်မှာမတွေ့တော့ စားပွဲအောက်ငုံ့ရှာသည် တံမြက်စည်းလှည်းရှာသည်
ရှာရင်းရှာရင်း သူချွေးသာပြန်လာသည် စာရွက်လေးက ဘယ်ရောက်သွားသည်မသိ ရှာမတွေ့တော့....

ချစ်ခြင်းဖြင့် ဖန်ဆင်းသော Where stories live. Discover now