"Hae ဘယ်သွားချင်လဲ? ဒီမှာ ကိုယ် ရုပ်ရှင်လက်မှတ်ဖြတ်လိုက်မယ်နော် ဒီနေ့လူများတော့ အရမ်းတိုးရမှာ Haeရဲ့!!!
ဒါနဲ့ Hae ဘာစားချင်သေးလဲ? ရုပ်ရှင်ရုံနားမှာ လမ်းဘေးဆိုင်တစ်ဆိုင်ရှိတယ် သိလား ဈေးပေါပေမဲ့ စားလို့အရမ်းကောင်းတာ"Hyuk Jaeတစ်ယောက် ချစ်သူလက်ကိုဆွဲပြီး လမ်းလျှောက်လာရသဖြင့် မိုးမမြင်လေမမြင် ဖြစ်နေသည် ပါးစပ်ကလည်း တတွတ်တွတ်ဖြင့် အာဝဇ္ဇန်းတွေရွှင်လျက်......
အော် Valentine Dayမှာ ချစ်သူနဲ့အတူလျှောက်လည်ရတာ နည်းတဲ့ ကံထူးခြင်းပေလားလို့......
ရည်းစားလောင်းလျာလေးရဲ့ လက်ကို မြဲမြဲတွဲပြီး သူ့ခေါင်းထဲတွင် ဒီနေ့တစ်နေ့တာ အကောင်အထည်ဖော်ရမည့်
အကြံအစည်တွေကို တစိမ့်စိမ့်ကြည်နူးစွာ ဗွက်ပေါက်အောင် တွေးနေမိသည်Haeကတော့ ဘာဆိုဘာမှမသိ......
သူ့မှာတော့ အခုလို ကိုကြီးမသိအောင် ကျူရှင်လစ်ပြီး Hyuk Jaeနဲ့ နှစ်ယောက်ထဲ အပြင်ခိုးထွက်ရတာကိုပင် ပျော်လွန်းလှပြီ
ထို့ကြောင့် Hyuk Jaeပြောသမျှကို မငြင်းဆန်ပဲ ခေါင်းလေးငုံ့ရင်း နားထောင်နေမိသည်
လူတွေဟာ အချစ်နဲ့တွေ့ရင် အလိုလို သတ္တိတွေရှိလာတာ ထူးဆန်းသည်နော် ကိုယ့်ဘာသာကိုယ်ပြန်တွေးရင် ရှက်သွေးဖြာနေမိသည်
သူကတော့ Hyuk နဲ့သာဆိုလျှင်
ငရဲပြည်ကိုပဲ ဆင်းရဆင်းရ.....
ကောင်းကင်ဘုံပဲ တက်ရတက်ရ.......
.
.
"Haeအဲ့ကားမကြည့်ချင်ဘူး"
လက်မှတ်ဖြတ်ခါနီး နှုတ်ခမ်းလေးဆူပြီး ငြင်းဆန်သော Haeကြောင့် Hyuk Jae ကြောင်သွားသည်
"အမ်? ဘာလို့လဲ Haeလေးရဲ့"
"အဲ့ကားကြီးက ကြောက်စရာကြီးဆိုနေ!!! ကြည့်ပါလား သွေးသံရဲရဲတွေနဲ့"
Haeပြောတော့မှ သူရုပ်ရှင်ပိုစတာကို မော့ကြည့်မိသည်
အော် လတ်စသတ်တော့ သူတို့လက်မှတ်ဖြတ်ဖို့တန်းစီနေတာ အက်ရှင်ကားပဲ....
အဟီး....အမှန်ပြောရလျှင် သူက ဘာရုပ်ရှင်ညာရုပ်ရှင်ရယ် သိသည်မဟုတ်
ဒီလိုပဲ Haeနဲ့ အတူကြည့်ဖို့ ကြုံရာပွဲစဉ် တစ်ခု ရွေးလိုက်ခြင်းသာဖြစ်သည် .....
YOU ARE READING
ချစ်ခြင်းဖြင့် ဖန်ဆင်းသော
Fanfictionမိဘတွေမရှိတော့တဲ့နောက် အကိုကြီး အဖရာအနေနဲ့ စပ်စလူး ညီသုံးကောင် Hae, Wookie နဲ့ Kyuတို့ကို အုပ်ချုပ်နေရတဲ့ စည်းကမ်းကြီးတဲ့ လူပျိုကြီးTeukie သူတို့နဲ့ တဖက်ခြံမှာနေတဲ့ အပြင်ပန်း အိုင်တင်ကောင်းသလောက် အထဲမှာဗြဲလရမ်းဖြစ်နေတဲ့ သူငယ်ချင်းလေးယောက် Kangin, H...